ပူတာအိုတွင် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်အသတ်ခံရ

ပူတာအိုတွင် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်အသတ်ခံရ
By Tachileik News Agency

ကချင်ပြည်နယ် ပူတာအိုမြို့တွင် မိန်းကလေးငယ်တစ်ဦးကို မုဒိမ်းကျင့် သတ်ဖြတ်ခံရမှု ၂၀၂၄ ခုနှစ် မေလ (၁၀)ရက်နေ့က ဖြစ်ပွားကြောင်း သိရသည်။

ပူတာအိုမှာ ဘယ်တုန်းကမှ မကြားဖူးတဲ့ အဖြစ်အပျက်ပါ။ အရင်က ဘာပြဿနာမှ မရှိခဲ့ဘူး။အေးချမ်းတဲ့မြို့လေး အခုတော့ မကြုံဖူး မကြားဖူးတာတွေဖြစ်နေပြီ

ဟု ဒေသခံတစ်ဦးက ပြောသည်။

အသက် (၁၅)နှစ်အရွယ် မဒူနော်မှာ မေလ (၁၀)ရက်နေ့ နေ့လယ်ပိုင်းတွင် စားသုံးဆီဝယ်ရန် စေလွှတ်လိုက်ရာမှ နေအိမ်ပြန်မရောက်သဖြင့် လိုက်လံရှာဖွေရာ ဒုတ္တန်ရပ်ကွက် (၂)အနီး သက္ကတောအတွင်း၌ ရက်စက်စွာအသတ်ခံထားရသည့် အလောင်းအား ပြန်တွေ့ရခြင်းဖြစ်သည်ဟု ဆွေမျိုးတော်စပ်သူတစ်ဦးထံမှ သိရသည်။

ပူတာအိုမြို့တွင် ယခုကဲ့သို့ ရာဇဝတ်မှု ယခင်ကဖြစ်ပွားခဲ့ဖူးခြင်းမရှိကြောင်း သိရသည်။