မြိုင်မြို့နယ်တွင် ဒေသခံများကို ဖမ်းဆီးသွားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်များတိုက်ခိုက်

မကွေးတိုင်း မြိုင်မြို့နယ်ရှိ PDF စခန်းတစ်ခုနှင့် ကံသစ်ရွာကို ဝင်ရောင်စီးနင်းမီးရှို့ပြီး အရပ်သားများကို သတ်ဖြတ်၊ ဖမ်းဆီးသွားသည့် စစ်ကောင်စီတပ်ကို တော်လှန်ရေးများက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ထံမှ ခဲယမ်းစစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့ကြောင်း မြိုင်ပကဖထံမှ သိရသည်။

၂၀၂၄ ခုနှစ် မေလ(၈)ရက်နေ့က မြိုင်မြို့နယ်ရှိ PDF စခန်းတစ်ခုနှင့် ကံသစ်ရွာကို ဝင်ရောင်စီးနင်းမီးရှို့ပြီး အရပ်သား (၂)ဦးကို သတ်ဖြတ်ကာ (၂၆)ဦးကို ဖမ်းဆီး၍ ပစ္စည်းများယူဆောင်သွားသော စစ်ကောင်စီတပ်ကို ယင်းနေ့ နေ့လယ်ပိုင်းတွင်

ကန်တော်ရွာနှင့် ကံသစ်ရွာကြား၌ မိုင်းဆွဲတိုက်ခိုက်ပြီး ဒရုန်းဖြင့် ဗုံးသီးအလုံး(၂၀)ချ တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။

တော်လှန်ရေးတပ်များ၏ တိုက်ခိုက်မှုကြောင့် ရွာအတွင်းမှ ယူလာသော ကား၊ ဆိုင်ကယ်များနှင့် ပစ္စည်းများအား မီးရှို့ဖျက်ဆီးပြီး ကန်တော်အထိုင်တပ်စခန်းသို့ ဆုတ်ခွာသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ထံမှ နင်းမိုင်း(၁)လုံး၊ G-3 ကျည် (၃၀)တောင့်၊ ခွန်းဗုံးသီး (၂)လုံး၊ ဦးထုပ်(၁)လုံး၊ ဓာတ်မီး(၁)လက်၊ ဖုန်း(၂)လုံး၊ ၄၀ မမ (၁၄)လုံး၊ MA ကျည်ဘောက် (၃)ခုနှင့် ၅.၅၆ ကျည် (၅၀)တောင့် သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ကန်တော်မှတစ်ဆင့် ညနေပိုင်းတွင် တပ်မ(၁၀၁)သို့ စစ်ကား(၃)စီးဖြင့် ဆုတ်ခွာသွားသည်ဟု သိရသည်။

တိုက်ခိုက်မှုတွင် မြိုင်ပကဖ နှင့် ကမ္မတပ်ပေါင်းစု (KGF)၊ ကမ္မတပ်ပေါင်းစု တပ်ခွဲ ၂၊ ပခုက္ကူခရိုင် တပ်ရင်း ၁၀၊ PDF ကမ္မ တပ်ခွဲ ၁/၂/၃၊ တပ်ရင်း ၁၃ ၊ PKU ပကဖ၊ Pakokku People`s Defense Force ၊ The Red Revolperf၊ PKU Red Giant ၊ ကမ္မတပ်ပေါင်းစု၊ PKU Thurain ၊ DMG (ဓားမင်းကြီး)၊ Red Dragon၊ Black Cobra၊ Kamma Underground၊ Kamma People Defense Force (KMDF) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Video : မြိုင် ပကဖ