မြေပုံမြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို ရက္ခိုင့်တပ်တော် သိမ်းပိုက်

မြေပုံမြို့ရှိ စစ်ကောင်စီတပ်စခန်း အားလုံးကို ရက္ခိုင့်တပ်တော် သိမ်းပိုက်
ဖေဖော်ဝါရီ 16, 2024 | 2021 Military Coup| အခြားဒေသများ



 

ရခိုင်ပြည်နယ် မြေပုံမြို့ပေါ်မှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း AA က ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၅)ရက်နေ့ ညသန်းခေါင်တွင် သတင်းထုတ်ပြန်သည်။ 

ရခိုင်နှင့် ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်၏ (၃)လတာ စစ်ဆင်ရေးအပြီးတွင် ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့တို့ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက် နိုင်ခဲ့ပြီးနောက် မြေပုံမြို့ရှိ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီဟု ဆိုသည်။

ဖေဖော်ဝါရီလ(၁၄)ရက်နေ့က စပြီး စစ်ကောင်စီတပ်သည် ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တောမြို့များ၌ ၎င်းတို့၏စခန်းများကို ကြည်၊ရေ၊လေ စစ်ကြောင်း(၃)ကြောင်းဖြင့်  မှ အပြင်းအထန် ခုခံနေသည်ဟု သိရသည်။