မကွေးတိုင်း၊ မြိုင်မြို့နယ် ကိုင်းတောမရေစက်မှ ရွာသစ်ကျေးရွာသို့ ရိက္ခာလာသယ်သည့် စစ်ကောင်စီတပ်မှ ဗိုလ်တစ်ဦးနှင့် စစ်ကောင်စီတပ်သားတစ်ဦးကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၈)ရက်နေ့တွင် တိုက်ခိုက်ရာ ဗိုလ်ဖြစ်သူ သေကြောင်း သိရသည်။
ပစ္စတိုပါသည့် ဗိုလ်တစ်ဦးနှင့် MA1 ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်သားတစ်ဦးတို့ကို ရွာသစ်ကျေးရွာနှင့် ကိုင်းတောမ စာသင်ကျောင်းကြားတွင် တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တိုက်ခိုက်မှုတွင် ဗိုလ်ဖြစ်သူ သေဆုံးပြီး စစ်ကောင်စီတပ်သားမှာ ဒဏ်ရာရရှိသွားပြီး စစ်ကောင်စီတပ်က စစ်ကူများရောက်ရှိလာခြင်းကြောင့် သေနတ်ရယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။
တိုက်ခိုက်မှုကို Earthquake People’s Defense Force၊ မြိုင်ပကဖ တပ်ရင်း (၁) ခွဲ(၄) စကြာ်တပ်ဖွဲ့ နှင့် Pakokku People’s Defense Force(PPDF)တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#TachileikNewsAgency