စစ်အာဏာရှင်ချုပ်ငြိမ်းရေး တော်လှန်တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်ကို ထုတ်ပြန်ကြေညာမည်

စစ်အာဏာရှင်ချုပ်ငြိမ်းရေး တော်လှန်တိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်ကို ထုတ်ပြန်ကြေညာမည်
ဇန်နဝါရီ 30, 2024 | 2021 Military Coup

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွလက်တွဲတော်လှန် တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်ကို ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း နိုင်ငံတော်ယာယီသမ္မတဒူဝါလရှီးလက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်ဖြစ်သော စစ်အာဏာရှင်စနစ် အလုံးစုံချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်ရေးတို့အတွက် အတူတကွ လက်တွဲ၍ တော်လှန်တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်တရပ်ကို ထုတ်ပြန်မည်ဖြစ်သည်ဟု ဆိုသည်။

၎င်းထုတ်ပြန်ချက်ကို ဇန်နဝါရီလ (၃၁)ရက်နေ့ မြန်မာစံတော်ချိန် နံနက်(၈)နာရီတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) အပါအဝင် ထုတ်ပြန်ကြေညာချက်တွင်ပါဝင်သည့် အဖွဲ့အစည်းအသီးသီး၏ Website၊ Facebook၊ Telegram စသည့် ဆိုရှယ်မီဒီယာ ပလက်ဖောင်းအသီးသီးတွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency