နတ်သံကွင်းမြို့၊ တောင်ငူလေယာဉ်ကွင်းနှင့် လက်ပါတ်ရွာရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲသဖြင့် ကလေး ၄ ဦးအပါ ၅ ဦးသေဆုံး

နတ်သံကွင်းမြို့၊ တောင်ငူလေယာဉ်ကွင်းနှင့် လက်ပါတ်ရွာရှိ စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များ တိုက်ခိုက်၊ စစ်ကောင်စီတပ်က လေကြောင်းမှဗုံးကြဲသဖြင့် ကလေး ၄ ဦးအပါ ၅ ဦးသေဆုံး

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် နတ်သံကွင်းမြို့ကို တော်လှန်ရေးတပ်များက ဦးတည်တိုက်ခိုက်သိမ်းပိုက်ခြင်းဖြစ်ပြီး တောင်ငူလေယာဉ်ကွင်းနှင့် လက်ပါတ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တပြိုင်တည်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ABSDFထံမှ သိရသည်။ 

အဆိုပါစစ်ကောင်စီတပ်စခန်းများကို KNLA၊ ABSDF၊ PDF ပူးပေါင်းအဖွဲ့များက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၂၆)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စစ်ကောင်စီတပ်က လေကြောင်းမှလာရောက် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နတ်သံကွင်းမြို့ တံခွန်တိုင်(၂)ရပ်ကွက်မှ ဒေသခံကလေးငယ် (၄)ဦးအပါအဝင် (၅)ဦး သေဆုံးသွားကြောင်း သိရသည်။

လက်ရှိတွင် နတ်သံကွင်းမြို့အတွင်း တိုက်ပွဲများဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

#TachileikNewsAgency