အကျဉ်းကျနေသူ ၉၀၀၀ ကျော်ကို စစ်ကောင်စီလွတ်ငြိမ်းခွင့်ပြု

အကျဉ်းကျနေသူ ၉၀၀၀ ကျော်ကို စစ်ကောင်စီလွတ်ငြိမ်းခွင့်ပြု
ဇန်နဝါရီ 4, 2024 | 2021 Military Coup| အခြားဒေသများ

စစ်ကောင်စီ၏ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် တစ်နိုင်ငံလုံးရှိ အကျဉ်းသား၊ အကျဉ်းသူ (၉၆၅၂)ဦးနှင့် နိုင်ငံခြားသား အကျဉ်းသား(၁၁၄)ဦးကို ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကောင်စီက ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၄)ရက်နေ့တွင် ထုတ်ပြန်သည်။

 

ထုတ်ပြန်ချက်တွင် အကျဉ်းထောင်၊ အချုပ်ထောင်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူ(၉၆၅၂)ဦးအား ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုပြီး နောက်တစ်ကြိမ် ထပ်မံပြစ်မှုကျူးလွန်ပါက ယခင်ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်း ကျခံစေရန်ဟူသောအချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်း ပါရှိသည်။ 

ထို့အပြင် တစ်နိုင်ငံလုံးအကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား၊ အကျဉ်းသူ (၁၁၄)ဦးကိုလည်း ပြစ်ဒဏ်များလျှော့ပေါ့၍ လွတ်ငြိမ်းခွင့်ပြုပြီး ပြည်နှင်ဒဏ်ပေးလိုက်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

#TachileikNewsAgency