မုန်းမြို့ပေါ်တိုက်ပွဲအတွင်း ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦးအပါ တပ်ဖွဲ့ဝင် ၁၉ ဦး လက်နက်ချအညံ့ခံ၊ မိသားစုဝင် ၄၂ ဦးကို ကောင်းမွန်စွာ စောင့်ရှောက်ထား

မုန်းမြို့ပေါ်တိုက်ပွဲအတွင်း ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးနှစ်ဦးအပါ တပ်ဖွဲ့ဝင် ၁၉ ဦး လက်နက်ချအညံ့ခံ၊ မိသားစုဝင် ၄၂ ဦးကို ကောင်းမွန်စွာ စောင့်ရှောက်ထား

ပဲခူးတိုင်း မုန်းမြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(K.N.L.A)နှင့် ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ ဗိုလ်မှူးတစ်ဦးအပါအဝင် လက်နက်ချအညံ့ခံသည့် စစ်သုံ့ပန်းများနှင့် သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းများကို KNU ဗဟိုက ယနေ့ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

စစ်ကောင်စီ၏ တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်ရာ လက်နက်ကြီး၊ လက်နက်ငယ် အများအပြား သိမ်းဆည်းရရှိကာ ခမရ (၅၉၀)အတွင်း ဝင်ရောက်တပ်စွဲထားသော ခလရ(၈၄)မှ စစ်ကောင်စီတပ်သား (၁၉)ဦးခန့်မှာ လက်နက်ချ အညံ့ခံခဲ့ပြီး ဝင်းအတွင်းရှိ တပ်မိသားစုဝင် (၄၂)ဦးကိုလည်း စစ်သုံ့ပန်းဥပဒေများနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်း စောင့်ရှောက်ပေးထားသည်ဟု ဆိုသည်။

လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်သားများမှာ ခလရ (၈၄)မှ ဗိုလ်မှူး ကျော်လတ်ခိုင် (၃၉)နှစ် ဒုရင်းမှူး၊ ဗိုလ်ကြီး အာကာစိုး (၃၃)နှစ် တပ်ခွဲမှူး၊ ဗိုလ်ကြီး နိုင်နိုင်ထွန်း (၃၄)နှစ် အင်ဂျင်နီယာ တပ်စုမှူး၊ ဒုအရာခံဗိုလ် လှသိန်း (၅၈)နှစ် အထွေထွေ၊ ဒုအရာခံဗိုလ် သန်းအောင် (၅၁)နှစ် အထွေထွေ၊ တပ်ကြပ် စန်းဦး (၃၂)နှစ် တပ်စိပ်မှူး၊ တပ်ကြပ် ထူးကိုကို (၃၃)နှစ် အထွေထွေ၊ တပ်ကြပ် ဟန်ထွန်း (၄၈)နှစ် ယာဉ်မောင်း၊ ဒုတပ်ကြပ် မောင်ဇော် (၄၀)နှစ် အထွေထွေ၊ တပ်သား သူရလင်း (၃၃)နှစ် ရဲဘော်၊  တပ်ကြပ် တောလူ (၅၄)နှစ် တပ်စိတ်မှူး၊ တပ်သား ဝေယံစိုး (၃၂) နှစ် ရဲဘော်၊ ဒုတပ်ကြပ် တင်ထွန်းဇော် (၄၅)နှစ် ဒုတပ်စိပ်မှူး၊ ဒုအရာခံဗိုလ် ဝင်းမင်းထွန်း (၄၂)နှစ် အထွေထွေ၊ တပ်ကြပ်ကြီး သက်နိုင် (၅၆)နှစ် စက်မောင်း၊ တပ်ကြပ် သက်ဦး (၄၃)နှစ် အထွေထွေ ၊ ဒုတပ်ကြပ် ဌေးလွင် (၅၀)နှစ် မွေးမြူရေး၊ တပ်သား စိုင်းအွန်ခမ်း (၂၉)နှစ် ရဲဘော်၊ တပ်သား ရဲမင်းနိုင် (၃၂)နှစ် ရဲဘော်တို့ ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU