ဝန်ကြီး ဒေါ်ဇင်မာအောင်၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်အမတ်များ မြန်မာ့အရေးဆွေးနွေး 

ဝန်ကြီး ဒေါ်ဇင်မာအောင်၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်အမတ်များ မြန်မာ့အရေးဆွေးနွေး 

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဝန်ကြီး၊ တိုင်းရင်းသားမဟာမိတ်အဖွဲ့များနှင့် လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်အမတ်များ ယမန်နေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၈)ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း NUGက ယနေ့ နိုဝင်ဘာလ (၉)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ တိုင်းရင်းသားမဟာမိတ်အဖွဲ့များမှ ကိုယ်စားလှယ်များသည် လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်သို့ နိုဝင်ဘာလ (၈)ရက်နေ့က သွားရောက်၍ လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်အမတ်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယခုအကြိမ်သည် နိုင်ငံခြားရေးဝန်ကြီး၏ လစ်သူရေးနီးယားနိုင်ငံသို့ ပထမဆုံးသွားရောက်သောခရီးဖြစ်ပြီး လစ်သူရေးနီးယားနိုင်ငံ လွှတ်တော်အမတ်များနှင့်တွေ့ဆုံကာ နှစ်နိုင်ငံဒီမိုကရေစီအ‌ရေး ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ အကြမ်းဖက်စစ်အုပ်စုအား ထိရောက်စွာ ဖိအားပေးနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။ 

လစ်သူရေးနီးယားနိုင်ငံသည် မြန်မာ့ဒီမိုက‌ရေစီအ‌ရေး တက်ကြွစွာကူညီအားပေးနေသည့် နိုင်ငံတစ်ခုဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်၏ ပြီးခဲ့သည့် အမေရိကန်နိုင်ငံ ခရီးစဥ်တွင်လည်း လစ်သူရေးနီးယားနိုင်ငံခြားရေးဝန်ကြီးနှင့် တရားဝင်တွေ့ဆုံခဲ့သည်။

#TachileikNewsAgency

Photo :National Unity Government of Myanmar