ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များကြောင့် ဒေသခံထောင်ချီထွက်ပြေးနေရ

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များကြောင့် ဒေသခံထောင်ချီထွက်ပြေးနေရ
အောက်တိုဘာ 15, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ခင်ဦးနယ် အမှတ်(၂)တိုက်နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေကြရကြောင်း သိရသည်။

၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၄)ရက်နေ့က ရွှေဘိုမြို့နယ် သရက်ပင်ဝန်းကျေးရွာတွင် တပ်စွဲခဲ့သည့် အင်အား(၁၀၀)ဝန်းကျင်ပါ စစ်ကောင်စီတပ်သည် ရေဦး-ညောင်ပင်သာ ကားလမ်းဘေးရှိ ကြာပင်အိုင်၊ သိမ်တော်၊ မှန်သာလေးနှင့် ညောင်ပင်ကြီးစုရွာတို့အား ခြေလျင်စစ်ကြောင်းထိုးခဲ့ကြောင်း သိရသည်။

ထို့အပြင် ယနေ့ အောက်တိုဘာလ (၁၅)ရက်နေ့ ညနေပိုင်းတွင် သက်ပေးကျေးရွာအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ဝင်ရောက်၍ တပ်စွဲညအိပ်နိုင်သောကြောင့် ညောင်ပင်ကြီးစု၊ သက်ပေး၊ မူးသာ၊ လက်ပံကွက်နှင့် ဇီးတော စသည့်ကျေးရွာများမှ ဒေသခံ (၅၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု သိရသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင်လည်း အင်းပတ်ကွေ့အထိုင်စခန်းနှင့် ရွာသစ်ကုန်းရွာမှ ပျူစောထီးများသည် ရွာသစ်ကျေးရွာအတွင်းရှိနေသောကြောင့် ရွာသစ်ကျေးရွာ အပါအဝင် ချမ်းသာကုန်းနှင့် ညောင်ပင်ခြံတို့မှ ဒေသခံ(၃၀၀၀)ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။

#TachileikNewsAgency

Photo : ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး