ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်များ ဝင်ပစ်

ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်များ ဝင်ပစ်

မကွေးတိုင်း ရေစကြိုမြို့နယ် မြို့မရဲစခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၁၂)ရက်နေ့ ညပိုင်းတွင် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမှာ (၁၅)မိနစ်ခန့် ကြာမြင့်ခဲ့ပြီး ဒေသကာကွယ်ရေးတပ်များက စခန်းအတွင်းသို့ ဝင်ရောက်နိုင်ရန် ကြိုးစားခဲ့သော်လည်း ခဲယမ်းမလုံလောက်မှုကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးသူရှိပြီး လူနာတင်ယာဉ်များ စခန်းအတွင်းသို့ဝင်ရောက်သွားကာ ဒေသကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ နွေဦးစစ်သည်ရေလယ်ကျွန်းစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။ 

ပြီးခဲ့သည့် အောက်တိုဘာလ (၁၀)ရက်နေ့ကလည်း အဆိုပါ မြို့မရဲစခန်းမှ ခြေလျှင်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို (၁၂)လုံးတွဲမိုင်းဖြင့် ရေစကြိုမြို့အထွက် အခွာနီးခြံအနီးအရောက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ခဲ့သည်။

#TachileikNewsAgency