လားရှိုး ရမခ စစ်ဌာနချုပ် သိမ်းပိုက်နိုင်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က MNDAA ထံ ဂုဏ်ပြုသဝဏ်လွှာပို့

လားရှိုး ရမခ စစ်ဌာနချုပ် သိမ်းပိုက်နိုင်သည့်အတွက် တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က MNDAA ထံ ဂုဏ်ပြုသဝဏ်လွှာပို့

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းနိုင်ခဲ့သဖြင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့(၃)ခုက ဂုဏ်ယူကြောင်း ယနေ့ ၂၀၂၄ ခုနှစ် ဇူလိူင်လ (၄)ရက်နေ့တွင် ဖော်ပြသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ဦးဆောင်သည့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များက လားရှိုးမြို့တွင် အခိုင်အမာတည်ဆောက်ထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင်၏ အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်(ရမခ)ကို ဩဂုတ်လ(၃)ရက်နေ့တွင် အောင်မြင်စွာ သိမ်းပိုက်နိုင်သည့်အတွက် လွန်စွာအားရနှစ်သက်ပြီး ဝမ်းသာဂုဏ်ယူကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။ 

၁၀၂၇စစ်ဆင်ရေး ဒုတိယပိုင်း အောင်မြင်မှုများစွာအတွက် ဂုဏ်ယူအားရခြင်းဖြင့် အောင်ပွဲများ ဆက်လက်ရရှိရေးအတွက်လည်း ဆန္ဒပြုကာ ၎င်းတို့ညီနောင်တော်လှန်ရေးအဖွဲ့များအနေဖြင့်လည်း ဟန်ချက်ညီစွာဖြင့် အာဏာသိမ်းစစ်တပ်ပြိုလဲသည်အထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု ဆိုသည်။ 

လက်ရှိအောင်ပွဲသည် စစ်ကောင်စီပြိုလဲရေးအတွက် မှတ်တိုင်တစ်ခုအဖြစ်အရေးပါကာ ယခုအောင်ပွဲမှတဆင့် စစ်အာဏာရှင်စနစ်အပါအဝင် မည်သည့်အာဏာရှင်စနစ်ကိုမဆို ဖယ်ရှားပြီး ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး ဟန်ချက်ညီသည့်လုပ်ငန်းစဉ်နှင့် ပြည်သူလူထုလိုလားတောင်းတသည့် စနစ်သစ်ပြုပြင်ပြောင်းလဲရေးအတွက် အတူတိုက်ပွဲဝင်ကြမည်ဟုလည်း ဖော်ပြထားသည်။ 

သဝဏ်လွှာပေးပို့သည့်အဖွဲ့များမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့ဖြစ်သည်။

#TachileikNewsAgency