ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ကာ လက်နက်ခဲယမ်းများရ

ယင်းမာပင်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်များ တိုက်ပွဲဖြစ်ကာ လက်နက်ခဲယမ်းများရ
စက်တင်ဘာ 7, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စည်သူသစ်ကွင်းတွင် သစ်ထုတ်ယူနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့တွင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ခဲယမ်းများအား သိမ်းဆည်းရရှိခဲ့ကြောင်း  ULF(တပ်ပေါင်းစု)ထံမှ သိရ သည်။

သစ်ထုတ်ယူနေသည့် အင်အား(၁၀၀)ဝန်းကျင်ပါသည့် စစ်ကောင်စီတပ်ဖွဲ့သည် ကျောက်ကုန်းရွာဘုန်းကြီးကျောင်းအတွင်း (၃)ရက်တပ်စွဲပြီးနောက် စက်တင်ဘာလ (၆)ရက်နေ့ နံနက်ပိုင်းတွင် ကျောက်ကုန်းရွာပြင်သို့ ထွက်လာရာ ULF(တပ်ပေါင်းစု)နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ (၂)နာရီကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးသူရှိကာ စစ်ကောင်စီတပ်ဖွဲ့၏ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ လက်နက်ကြီးဖြင့် (၄)ကြိမ် ပစ်ကူပေးခဲ့သည်ဟုဆိုသည်။

တိုက်ပွဲအတွင်း ULF(မဟာမိတ်တပ်ပေါင်းစု)မှ  ရဲဘော်(၆)ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့၏ MA(1) နှစ်လက်၊ MA (2) တစ်လက်၊ ၅.၅၆ ကျည် (၄၀၀)တောင့်၊ ကျည်ဘောက် (၁၇)ခု၊ Icon တစ်လုံးနှင့် ဖုန်းတစ်လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကို နဂါးညီနောင်တပ်ဖွဲ့(DBTF)၊ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့၊ ချိုမိုင်မိုင် တော်လှန်ရေးအင်အားစု၊ ဗျတ္တညီနောင်၊ ချင်းတွင်းတိုက်ဂါး(LPDF)၊  ဗိုလ်ထွန်းတောက်(LPDF)၊ Chindwin Myay Division PDF (တပ်ခွဲ)၊ B Two Fighters၊ Bant Two၊ Alpha Column မှ ခွဲ(၁) Alpha Special Force၊ ခွဲ(၂)Triple Two Task Force၊ ခွဲ(၃) Chindwin Galone Yarzar Gureilla၊ ခွဲ(၄) Monywa Truth Of Force၊ ခွဲ(၅) Yinmarbin Local PDF၊ KLG Column(တပ်ရင်း ၂၁၊ ၂၂၊ ၂၃)၊ ယင်းမာပင်ခရိုင်(တပ်ရင်း ၁/၂)၊ YMB Column၊ B 21 PDF(တပ်ရင်း ၁၇)၊ PDA(တပ်ရင်း ၃၅)နှင့် ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency

Photo : Union Liberation Front(ULF)