ဒိုက်ဦးမြို့နယ်တွင် မိုင်တဲတာဝါတိုင်ဖောက်ခွဲခံရမှုကို လာစစ်သည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းခွဲခံရ

ဒိုက်ဦးမြို့နယ်တွင် မိုင်တဲတာဝါတိုင်ဖောက်ခွဲခံရမှုကို လာစစ်သည့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းခွဲခံရ

ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ဝါဂါမဏိကျေးရွာရှိ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင် မိုင်းခွဲခံရသဖြင့် လာရောက်စစ်ဆေးသည့် စစ်ကောင်စီယာဉ်တန်း ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၃)ရက်နေ့ နံနက်ပိုင်းတွင် ထပ်မံမိုင်းခွဲတိုက်ခိုက်ခံခဲ့ရကြောင်း သိရသည်။

ယမန်နေ့ည(၉)နာရီခွဲကျော်က ဝါဂါမဏိကျေးရွာရှိ စစ်အုပ်စုပိုင် မိုင်တဲတာဝါတိုင်ကို Soul Takers Yangon Underground Forceအဖွဲ့နှင့် 9 Stars UGအဖွဲ့တို့ပူးပေါင်းပြီး မိုင်းဆင်ဖောက်ခွဲခဲ့ရာ ယနေ့နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သားများ လာစစ်သည်ကို ထပ်မံစောင့်ဆိုင်း၍ စစ်ကောင်စီယာဉ်တန်းအား ထပ်မံမိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်က ကားတစ်စီးထိခိုက်သွားပြီး တော်လှန်ရေးရဲဘော်များ ပြန်လည်ခွါလာရခဲ့ရခြင်းကြောင့် စစ်ကောင်စီစစ်တပ်ဘက်က ထိခိုက်သေဆုံးမှုအခြေအနေကို မတည်မပြုနိုင်ဘဲ စစ်ကောင်စီတပ်များက ရမ်းသမ်းပစ်ခတ်နေခဲ့သည်ဟု ဆိုသည်။

#TachileikNewsAgency

Photo : မိုင်းခွဲခံရသည့် တာဝါတိုင်