မတူပီမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

မတူပီမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်တစ်ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ

ချင်းပြည်နယ် မတူပီ-ဟားခါးလမ်းမရှိ ဖနိုင်ကျေးရွာနှင့် မတူပီခရိုင်ရုံးအကြား၌ စစ်ကောင်စီလက်အောက်ခံ ဒုရဲအုပ်တစ်ဦးကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၂၆)ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း Chinland Defense Force Matupiထံမှ သိရသည်။

ဖနိုင်ကျေးရွာနှင့် မတူပီခရိုင်ရုံးအကြား၌ CDF-Matupiက စစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ရာ မတူပီမြို့နယ် ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ချမ်းမြေ့အောင်ကို ခြောက်လုံးပြူး တစ်လက်၊ လက်ပစ်ဗုံး နှစ်လုံး၊ ကျည်ဆံ (၅၈)တောင့်နှင့်တကွ လက်ရဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။ ဖမ်းဆီးရမိသည့် အသေးစိတ်အချက်အလက်အား Tachileik News Agency အနေဖြင့် ထပ်မံ မေးမြန်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency

Photo : Chinland Defense Force Matupi