အီလွန်မက်စ်က Twitter ၏ အမည် နှင့် လိုဂိုကို X ဟု ပြောင်းလဲ 

 အီလွန်မက်စ်က Twitter ၏ အမည် နှင့် လိုဂိုကို X ဟု ပြောင်းလဲ 
ဇူလိုင် 25, 2023 | နိုင်ငံတကာသတင်း
By Mr John

 ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က Twitter ကို ဝယ်ယူခဲ့ပြီးနောက် အပြောင်းအလဲများ ဆက်တိုက် လုပ်ဆောင်နေခဲ့ရာ ယခုအခါ (၁၇) ကြာ အသုံးပြုလာခဲ့သည့် Twitter ၏ အမည်နှင့် လိုဂိုကို X ဟု တရားဝင် ပြောင်းလဲလိုက်သည်။ 

၂၀၂၃ ခုနှစ် ဇူလိုင်လ (၂၄) ရက်နေ့မှစ၍ Twitter ၏ လိုဂိုမှာ ငှက်ပုံ မဟုတ်တော့ဘဲ X အမှတ်အသားအဖြစ် ပြောင်းလဲထားသည်ကို တွေ့ရသည်။

Twitter ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အပြီးသတ် ဝယ်ယူခဲ့ပြီးနောက် မက်စ်က  Twitter ကို ဆိုရှယ်မီဒီယာတစ်ခုအပြင် အသုံးပြုသူများကို ဝန်ဆောင်မှုမျိုးစုံ ပေးနိုင်သော ဝက်ဘ်ဆိုက်အဖြစ် ပြောင်းလဲရန် ရည်မှန်းထားကြောင်း ထုတ်ဖော်ပြောထားသည်။

အီလွန်မက်စ်၏ စိတ်ကူးမှာ Twitter ကို တရုတ်နိုင်ငံတွင် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြသည့် WeChat အက်ပလီကေးရှင်ကဲ့သို့ ဖြစ်လိုသည့် စိတ်ကူးဟု ဆိုသည်။

Twitter ကို X ဟု အမည်နှင့်လိုဂို ပြောင်းလဲမှုအဖြစ် ဆန်ဖရန်စ္စကိုရှိ Twitter ရုံးချုပ်အဆောက်အအုံတွင်လည်း ဇူလိုင်လ (၂၃) ရက် ညပိုင်းက ပရိုဂျက်တာဖြင့် X လိုဂိုအသစ်ပုံကို ပြသထားခဲ့သည်။ 

အီလွန်မက်စ်က ကုမ္ပဏီအမည်ကိုလည်း Twitter Inc. အဖြစ်မှာ X Corp. ဟု ပြောင်းလဲထားပြီး ဖြစ်သည်။

 Twitter ၏ အမည်နှင့် လိုဂို ပြောင်းလဲလိုက်ခြင်းက အသုံးပြုသူများ၊ ကြော်ငြာရှင်များ သို့မဟုတ် ဈေးကွက်ကိစ္စရပ်များနှင့် မည်သို့မျှ မသက်ဆိုင်ကြောင်းနှင့် Twitter မှာ အီလွန်မက်စ်၏ ပိုင်ဆိုင်မှုဖြစ်ကြောင်း ဖော်ညွှန်းသည့် သင်္ကေတဖြစ်သည်ဟု ကြော်ငြာအေဂျင်စီ R/GA မှ ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာ အရာရှိချုပ် Tom Morton က ပြောသည်။

 

Source: Reuters, FoxBusiness