ဖားဆောင်းမြို့နယ် ကျောက်ပန်ညိုကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် စေတီပုထိုးများပျက်စီး

ဖားဆောင်းမြို့နယ် ကျောက်ပန်ညိုကျေးရွာကို စစ်ကောင်စီတပ် ဗုံးကြဲတိုက်ခိုက်မှု ဘုန်းကြီးကျောင်းနှင့် စေတီပုထိုးများပျက်စီး

ကရင်နီ(ကယား)ပြည်နယ် ဖားဆောင်းမြို့နယ်ရှိ ကျောက်ပန်ညိုကျေးရွာကို စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၂)ရက်နေ့ ညပိုင်းတွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းတစ်ကျောင်း ပျက်စီးပြီး အရပ်သား (၂)ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းပျက်စီးသည့်အပြင် စေတီပုထိုးများပါ ပျက်စီးခဲ့ရကြောင်း သိရသည်။

အဆိုပါဗုံးကြဲမှုကြောင့် ဘုန်းကြီးကျောင်းအတွင်းရှိ ကားနှင့် ဆိုင်ကယ် အပါအဝင် အခြားပစ္စည်းများ ပျက်စီးဆုံးရှုံးသွားရကြောင်း Karenni Generation Youthက ယနေ့ဇူလိုင်လ (၁၃)ရက်နေ့တွင် ဖော်ပြထားသည်။

#TachileikNewsAgency

Video :Karenni Generation Youth