ရန်ကုန်-မော်လမြိုင် အဝေးပြေးကား လမ်းပေါ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ပူးပေါင်းတပ်များ ပစ်ခတ်တိုက်ခိုက်

ရန်ကုန်-မော်လမြိုင် အဝေးပြေးကား လမ်းပေါ်တွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ပူးပေါင်းတပ်များ ပစ်ခတ်တိုက်ခိုက်

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းပေါ်တွင် စစ်ကောင်စီတပ် ယာဉ်တန်းကို ၂၀၂၃ခုနှစ် ဇူလိုင်လ (၁၁)ရက်နေ့တွင် ဒေသကာကွယ်ရေးတပ်က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution Forceထံမှသိရသည်။

စစ်ကောင်စီတပ်၏ ယာဉ်(၇)စီးကို KRF၊ KNLA၊ ABSDF၊ တောကျီးကန်းစစ်ကြောင်းတို့ ပူးပေါင်းကာ လပ်နက်ငယ်၊ (၄၀)မမ တို့နှင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် စစ်ကောင်စီယာဉ်ကို ထိမှန်ခဲ့ပြီးနောက် ဆက်လက်မောင်းပြေးသွားပြီး လမ်းဘေးရှိ လူနေအိမ်များကို လက်ပစ်ဗုံး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency

Photo : BNI