တနင်္သာရီတိုင်း ပုလောမြို့နယ် ပဝတ်ကုန်းကျေးရွာသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များ နှစ်ရက်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဘက်ကျဆုံးမှုရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လ (၂ဝ)ရက်နေ့တွင် ပဝတ်ကုန်းကျေးရွာသို့ စစ်ကြောင်း (၃)ကြောင်းဖြင့် ဝင်ရောက်လာသည့် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁) တပ်ရင်း၊ တော်လှန်ရေးမဟာမိတ် တပ်ပေါင်းစုများအကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။
ထို့နောက် ဇွန်လ(၂၁)ရက်နေ့တွင် တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ကူအဖြစ် လက်နက်ကြီးကျည် ရာနှင့်ချီပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ (၂)ရက်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ (၁ဝ)ဦးခန့် သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သားအလောင်း (၁)လောင်းရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်းမှ ရဲဘော်(၁)ဦး ကျဆုံးခဲ့ရသည်ဟု သိရသည်။
ပုလောမြို့နယ်အတွင်း စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အတွက် ခရီးသွားပြည်သူများအနေဖြင့် မြိတ်-ပုလော လမ်းမကြီးအား အသုံးပြု၍ ခရီးသွားလာခြင်းအား မလိုအပ်ပဲ လုံးဝ မပြုလုပ်ကြရန် မေတ္တာရပ်ခံထားသည်။
#TachileikNewsAgency
ပုလောမြို့နယ်တွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ကာ နှစ်ဘက်ကျဆုံးမှုရှိ
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024