စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးနေသည့်ကြားက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ပန်းသပိတ်ကို ပြီးခဲ့သည့် ၂၀၂၃ခုနှစ် ဇွန်လ(၁၈)ရက်နေ့တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဇွန်လ(၁၈)ရက်နေ့ကတည်းကပင် ရေဦးမြို့ဘက်မှ ခြေလျင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကြောင့် ဒေသခံထောင်ချီ ထွက်ပြေးနေရသော်လည်း ပန်းသပိတ်ကို ပြုလုပ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
သပိတ်တွင် သက်ကြီးရွယ်အို အဘွားများက ဦးဆောင်ပြီး မေတ္တာသုတ်နှင့် မောရသုတ် ပရိတ်တော်များရွတ်ဖတ်ပူဇော်ခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော်ရှည်ရန်၊ အချုပ်အနှောင်ဘေးမှ အမြန်ဆုံးလွတ်မြောက်စေရန် ဆုတောင်းခဲ့ကြသည်ဟု သိရသည်။
ထို့အပြင် ယနေ့ဇွန်လ(၁၉)ရက်နေ့တွင်လည်း ခင်ဦးမြို့နယ်၌ ဒေါ်အောင်ဆန်းစုကြည်၏ (၇၈)နှစ်ပြည့် မွေးနေ့အခမ်းအနားကိုမြို့ နယ် ပအဖ၊ ပကဖ ၏ စီစဥ်ဆောင်ရွက်မှုဖြင့် ကျင်းပခဲ့ရာ မြို့နယ်၊ တိုက်နယ်၊ ရပ်ကျေး တော်လှန်ရေး အင်အားစုများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့သည်ဟု သိရ သည်။
ခင်ဦးမြို့နယ်အတွင်း စစ်ကောင်စီတပ်သည် ကျေးရွာ(၇၆)ရွာမှ နေအိမ်ပေါင်း(၆,၀၀၀)ဝန်းကျင်အထိ မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် ဒေသခံ(၃၀,၀၀၀)ကျော် အကူအညီများလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက ဖော်ပြထားသည်။
#TachileikNewsAgency
Photo : ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ခင်ဦးတွင် စစ်ကြောင်းထိုးခံနေရသည့်ကြားက ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အတွက် ပန်းသပိတ်ပြုလုပ်
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024