ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲမြို့ပေါ်ကို ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၆)ရက်နေ့ နံနက်ပိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီး အလုံးပေါင်းများစွာ ပစ်ခတ်နေကြောင်း သိရသည်။
မိုးဗြဲမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲများ ပြင်းထန်နေပြီး မိုးဗြဲမြို့ ပြည်သူများအနေဖြင့် စစ်ရေး အခြေအနေအရ ယနေ့ ဇွန်လ(၁၆)ရက်နေ့ နံနက်(၁၁)နာရီ နောက်ဆုံးထားပြီး ဘေးလွတ်ရာသို့ အမြန်ဆုံးပြောင်းရွှေ့ တိမ်းရှောင်ပေးဖို့ ဒေသခံကာကွယ်ရေးတပ်တွေက မေတ္တာရပ်ခံထားပါသည်။
"လက်နက်ကြီးတွေ မိုးရွာသလို ထုနေတာပါဗျာ။လက်နက်ကြီးတွေက နေရာစုံကလာနေတာ။ မနက်ကတည်းက မနားသေးဘူးဗျာ။ အတိအကျတော့ မသိရသေးဘူး။ ပစ်နေကြတာပေါ့။"ဟု မိုးဗြဲရွှေလင်းယုန်တပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။
မိုးဗြဲမြို့ သာယာကုန်း၊ ပင်သာ၊ သစ်ယာကုန်း၊ ဈေးကုန်း၊ ကွက်သစ်ရပ်ကွက်၊ စည်ကား၊ လယ်တီ၊ ညောင်ဝန်း စသည့် ရပ်ကွက်များတွင်နေထိုင်သည့် ပြည်သူများ တိမ်းရှောင်ပေးကြရန် ကာကွယ်ရေးတပ်များက တိုက်တွန်းထားခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇွန်လ(၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့ကလည်း စစ်ကောင်စီတပ်သည် မိုးဗြဲစစ်ရှောင်စခန်း တစ်နေရာသို့ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီးဖြင့် (၁၅)လုံးထက်မနည်း ပစ်ခတ်ခဲ့သဖြင့် အရပ်သားနှစ်ဦး ဒဏ်ရာရကာ အဆောက်အဦးများလည်း ပျက်စီးခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် မိုးဗြဲမြို့၌ စစ်ကောင်စီဘက်က နေရာအနှံ့ နေရာယူထားပြီး နှစ်ဖက်အကြား တိုက်ပွဲဖြစ်လာနိုင်သည့် အခြေအနေဖြစ်၍ ခရီးသွားများ အနေဖြင့် မိုးဗြဲ-ပီကင်းလမ်းပိုင်းကို အသုံးမပြုကြရန်နှင့် ပြည်သူများ အနေဖြင့် လက်နက်ကြီးနှင့် လေယာဉ်အန္တရာယ်ကို အထူးသတိပြုကာ လုံခြုံဘေးကင်းသော နေရာများတွင်နေထိုင်ကြရန် မိုးဗြဲရွှေလင်းယုန်တပ်ခွဲက သတိပေးထားသည်။
#TachileikNewsAgency
Photo : ဇွန်လ(၁၄)ရက်နေ့က စစ်ကောင်စီတပ် ပစ်ခတ်ခဲ့သည့် လက်နက်ကြီးအပိုင်းအစ
မိုးဗြဲမြို့ပေါ်ကို စစ်ကောင်စီက လက်နက်ကြီးအလုံးပေါင်းများစွာ ပစ်ခတ်နေပြီး နှစ်ဖက်တပ်အကြား စစ်ရေးအခြေအနေ တင်းမာနေ
Featured News
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 15, 2025
ဇန်နဝါရီ 3, 2025
ဒီဇင်ဘာ 26, 2024
ဒီဇင်ဘာ 26, 2024