နေပြည်တော် လယ်ဝေးမြို့ရဲစခန်း ဗုံးပစ်ခံရ

အာဏာသိမ်းစစ်ကောင်စီထိန်းချုပ်ရာ နေပြည်တော် လယ်ဝေးမြို့မရဲစခန်း ယနေ့ ၂၀၂၃ခုနှစ် ဇွန်လ(၁၂)ရက် ညနေပိုင်းက ဗုံးပစ်တိုက်ခိုက်ခံရကာ ရဲတချို့ဒဏ်ရာရသူရှိခဲ့ကြောင်း သိရသည်။

လယ်ဝေးမြို့ အမှတ်(၄)ရပ်ကွက်ရှိ မြို့မရဲစခန်းကို ဆိုင်ကယ်တစ်စီးဖြင့် လူနှစ်ဦးက လာရောက်ကာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုကြောင့် ရဲအုပ်တစ်ဦးအပါအဝင်(၃)ဦးဒဏ်ရာရပြီး ခုတင်(၁၀၀၀)ဆေးရုံကို ပို့ဆောင်ထားရသည်ဟု ကနဦးသတင်းအရ သိရသည်။

အဆိုပါတိုက်ခိုက်မှုကို မည်သည့်အဖွဲ့က လုပ်ဆာင်သည်ဆိုသည်ကို မသိရသေးသော်လည်း စစ်ကောင်စီဘက်က ဆိုင်ကယ်နံပတ်ကို ရရှိထားကာ လိုက်လံရှာဖွေနေသည်ဟု ဒေသခံများထံမှ သိရသည်။

#TachileikNewsAgency