သထုံမြို့နယ်အတွင်း ဒုံသမိတံတား‌ဂိတ်စောင့် စစ်ကောင်စီ လက်အောက်ခံများကို တိုက်ခိုက်ရာ ဒုရဲအုပ် အပါအဝင် ရဲ(၃)ဦး ဒဏ်ရာရ 

သထုံမြို့နယ်အတွင်း ဒုံသမိတံတား‌ဂိတ်စောင့် စစ်ကောင်စီ လက်အောက်ခံများကို တိုက်ခိုက်ရာ ဒုရဲအုပ် အပါအဝင် ရဲ(၃)ဦး ဒဏ်ရာရ 

 မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာအနီး ဒုံသမိတံတား‌ ဂိတ်စောင့် စစ်ကောင်စီလက်အောက်ခံ စစ်သားနှင့်ရဲများကို ၂၀၂၃ခုနှစ်၊ ဇွန်လ(၁) ရက်နေ့၏ နံနက်ပိုင်းတွင် ဒေသကာကွယ်ရေးတပ်များက သွားရောက်ပစ်ခတ်ခဲ့ရာ ဒုရဲအုပ် အပါအဝင် ရဲ(၃)ဦး  ဒဏ်ရာရရှိသွားကြောင်း သိရသည်။



အဆိုပါ တံတား၌ ဂိတ်‌စောင့် စစ်ကောင်စီတပ်အဖွဲ့ကို ယနေ့ နံနက်( ၆ ) နာရီခွဲဝန်းကျင်တွင် လက်နက်ကြီး၊ ငယ်များနှင့် ပစ်ခတ်ခဲ့ရာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး ပစ်ကူပေးသဖြင့် လက်နက်ကြီးများ ဒူးရင်းဆိပ်ရွာအတွင်းကျရောက်ပြီး ကျေးလက်ကျန်းမာရေးဌာနဆေးခန်း ပျက်စီးသွားကြောင်း သိရသည်။ 

ပစ်ခတ်မှုအတွင်း စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့မှ ဒုရဲအုပ် သိန်းဝေဖြိုး အပါအဝင် ရဲတပ် ကြပ်ကြီး စိုးအောင် နှင့် ရဲတပ်သား ဖြူလှတို့ စုစုပေါင်း ရဲ(၃)ဦး ဒဏ်ရာရရှိသွား၍ ၎င်းတို့သည် သထုံခရိုင်ပြည်သူ့ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေကြကြောင်း သိရသည်။