ညောင်ဦးတွင် နှစ်(၁၅၀)ဝန်းကျင်ရှိ မန်ကျည်းပင် နေအိမ်ပေါ်သို့ လဲကျ၊ ချောင်းရေကျော်၍ ကားရေနစ်

ညောင်ဦးတွင် နှစ်(၁၅၀)ဝန်းကျင်ရှိ မန်ကျည်းပင် နေအိမ်ပေါ်သို့ လဲကျ၊ ချောင်းရေကျော်၍ ကားရေနစ်

 မန္တလေးတိုင်းအတွင်း ညောင်ဦးမြို့တွင် ယနေ့ ၂၀၂၃ခုနှစ် မေလ(၁၃)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်အချိန်က ချောင်းရေကျော်ခြင်းနှင့် နှစ်(၁၅၀)ဝန်းကျင်ရှိ မန်ကျည်းပင် နေအိမ်ပေါ် လဲကျမှုများဖြစ်ပွားခဲ့ကြောင်း သိရသည်။



ညောင်ဦးမြို့နယ်၊ ပုဂံနယ်မြေ၊ မင်းနန်သူကျေးရွာတွင် နံနက်(၈)နာရီခွဲဝန်းကျင်အချိန်က မင်းနန်သူချောင်းရေကျော်ပြီး ကားတစ်စီးရေနစ်နေ၍  ပုဂံနယ်မြေမီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ကူညီခဲ့ရကြောင်း သိရသည်။

နံနက်(၈)နာရီခွဲဝန်းကျင်မှာပင်  ညောင်ဦးမြို့၊ အမှတ်(၄)ရပ်ကွက်၊ မှန်ကြိုရပ်တွင်  သက်တမ်း နှစ် (၁၅၀)ဝန်းကျင်ရှိ မန်ကျည်းပင်သည် နေအိမ်နှင့် အနီးရှိ ဂိုဒေါင်ပေါ်သို့ လဲပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

သစ်ပင်လဲပြိုရာသို့ ညောင်ဦး ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ နှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ သွားရောက်ကူညီ ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

 

Photo: MFSD