စစ်ကိုင်းတိုင်း၊ မော်လူးမြို့တွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားပြီး တစ်လ ဝန်းကျင်ကြာ ပျောက်ဆုံးနေသည့် ဒေသခံ (၅)ဦး၏ အလောင်းများကို ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၅)ရက်တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သိရသည်။
၂၀၂၃ခုနှစ်၊ မတ်လ(၂၄)ရက်နေ့က စစ်ကောင်စီတပ်များသည် အင်းတော်မြို့နယ်၊ မံဟဲကျေးရွာအား ဝင်ရောက်စီးနင်းကာ ဒေသခံ ( ၅ )ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးပြီး သတ်ခံခံရသူများမှာ အသက် ( ၂၅ )နှစ်အရွယ် ကိုညီညီ၊ အသက် (၂၅)နှစ်အရွယ် ကိုလောရှုပ်၊ အသက် (၃၈)နှစ်အရွယ် ကိုအောင်မင်းသိုက်နှင့် ကိုနေလင်းထွန်း၊ အသက် (၄၈)နှစ်အရွယ် ကိုဖိုးရှမ်းတို့ ဖြစ်ကြောင်း သိရသည်။
၎င်းတို့ကို တစ်လအကြာတွင် မော်လူးမြို့အရှေ့တောင်ဘက်ရှိ တောအတွင်း၌ အပိုင်းပိုင်း ခုတ်ဖြတ်ကာ မီးရှို့ခံထားရသည့် ပုံစံဖြင့် တွေ့ရှိခဲ့ရခြင်း ဖြစ်ကြောင်း Indaw Revolution-IR က သတင်းထုတ်ပြန်ထားသည်။