အာဏာသိမ်းစစ်ကောင်စီ၏ မင်္ဂလာဒုံလေတပ်စခန်းကို ရှော့တိုက်ဒုံး (၇)လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်

အာဏာသိမ်းစစ်ကောင်စီ၏ မင်္ဂလာဒုံလေတပ်စခန်းကို ရှော့တိုက်ဒုံး (၇)လုံးဖြင့် ပစ်ခတ်ခဲ့ကြောင်း သတင်းထုတ်ပြန်

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ၏ လေတပ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ(၆)ရက်နေ့၏ ညပိုင်းတွင် ရှော့တိုက်ဒုံး (၇)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့များက ယနေ့ ဧပြီလ (၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မြို့ပြတော်လှန်ရေးအဖွဲ့ BWM ၏ ပံ့ပိုးမှုဖြင့် Liberty Thunder နှင့် Anonymous Mission Team Alpha တို့ ပူးပေါင်းပြီး ပစ်ခတ်ခဲ့ခြင်းဖြစ်ကာ လေတပ်အတွင်းရှိ အဆောက်အဦးများ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထု၏ အသက်အိုးအိမ်များကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် တန်ပြန်စစ်ဆင်ရေး လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဆိုသည်။

ယခုလို တန်ပြန်တိုက်ခိုက်သည့် ဖြစ်စဉ်များ အချိန်မရွေး ပေါ်ပေါက်နိုင်သဖြင့်ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ လေတပ်နှင့်  စစ်တပ်တပ်စွဲရာနေရာများအနီးသို့ သွားလာခြင်းများရှောင်ရှားကြရန် အသိပေး ထုတ်ပြန်ထားသည်။