လောင်းလုံးမြို့နယ်တွင် အာဏာသိမ်း စစ်အုပ်စုနှင့် ပျူစောထီးများကို တိုက်ခိုက်၊ စစ်အုပ်စုဘက်က (၃)ဦးသေ၍ ၊ လက်နက် (၁)လက်နှင့် ကားတစ်စီ PDF က သိမ်းဆည်းရရှိ

လောင်းလုံးမြို့နယ်တွင် အာဏာသိမ်း စစ်အုပ်စုနှင့် ပျူစောထီးများကို တိုက်ခိုက်၊ စစ်အုပ်စုဘက်က (၃)ဦးသေ၍ ၊ လက်နက် (၁)လက်နှင့် ကားတစ်စီ PDF က သိမ်းဆည်းရရှိ

 တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် အာဏာသိမ်း စစ်အုပ်စုနှင့် ပျူစောထီးများအား ၂၀၂၃ခုနှစ်၊ မတ်လ ( ၂ )ရက်နေ့က တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က သေဆုံးသူရှိပြီး သေနတ်တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

လောင်းလုံးမြို့နယ်၊ ကျောက်မတ်တပ်ကျေးရွာ နှင့် မြင်းခွါကျေးရွာမှ ဆိုင်ကယ်နှစ်စီးနှင့် ပြန်လာသည့် စစ်အုပ်စုတပ်သားနှစ်ဦးနှင့် ပျူစောထီးနှစ်ဦးတို့အား တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦးသေပြီး ( ၃ )ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။

ထွက်ပြေးသွားသူများကို အောက်ကျောက်ဝပ်နှင့် ကျောက်ဝပ်ပြင် ကျေးရွာကြားတွင် ထပ်မံပစ်ခတ်ခဲ့ရာ တစ်ဦးထပ်မံသေပြီး တစ်ဦးမှာ ရရှိဒဏ်ရာဖြင့် ကျောက်နီမော်ကျေးရွာအဝင်တွင် ထပ်မံသေဆုံးသွားသည်ဟု ထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်မှုအပြီး စစ်အုပ်စုဘက်က ကားနှစ်စီးဖြင့် ကျောက်ဝပ်ပြင်ကျေးရွာသို့ဆင်းလာရာ ပထမယာဉ်အား မိုင်း ( ၄ )လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ရပ်တန့်သွားခဲ့သည်ဟု သိရသည်။

ထို့နောက် ကျန်ကားတစ်စီးနှင့်အတူ ခြေလျင်လျှေက်၍ အောက် ကျောက်ဝပ်နှင့် ကျောက်ဝပ်ပြင်ကျေးရွာကြား တောင်ကြားသို့ တပ် ဖြန့်လာရာ အသင့်စောင့်ဆိုင်းနေသော လောင်းလုံး PDF က တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာအား နယ်မြေရှင်းလင်းစဉ် Power Bank တစ်လုံး၊ ယူနီဖောင်း (၃)စုံ၊ ကားတစ်စီးအပြင် ပထမအကြိမ်တိုက်ခိုက်စဉ်က သေဆုံးခဲ့သည့် စစ်အုပ်စုတပ်သားနှစ်ဦး၊ ပျူစောထီးတစ်ဦး၊ ဖုန်း ( ၃)လုံး၊ ဆိုင်ကယ်တစ်စီး၊ ငွေကျပ် ၅ သိန်းကျော်၊ MA 3 တစ်လက်၊ ကျည် ၂၀ နှင့် ကျည်ဘောက်တစ်ခုကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။