ထိုင်းနိုင်ငံတွင် မူကြိုကျောင်းအတွင်း ရဲပြုတ်တစ်ဦး၏ အကြောင်းမဲ့ ပစ်ခတ် သတ်ဖြစ်မှုကြောင့် ကလေး(၂၀)ကျော် အပါအဝင်   (၃၅)ဦး သေဆုံး

ထိုင်းနိုင်ငံတွင် မူကြိုကျောင်းအတွင်း ရဲပြုတ်တစ်ဦး၏ အကြောင်းမဲ့ ပစ်ခတ် သတ်ဖြစ်မှုကြောင့် ကလေး(၂၀)ကျော် အပါအဝင်   (၃၅)ဦး သေဆုံး
အောက်တိုဘာ 6, 2022 | နိုင်ငံတကာသတင်း
By Mr John

 ထိုင်းနိုင်ငံ အရှေ့အလယ်ပိုင်း၊ နွောင်ဗွာလမ်ဖူးပြည်နယ်ရှိ   မူကြိုကျောင်းတစ်ကျောင်းတွင် ရဲအရာရှိဟောင်းတစ်ဦးက သေနတ်နှင့်ဓါးကို အသုံးပြုပြီး အကြောင်းမဲ တိုက်ခိုက်မှုကြောင့် ကလေးအများအပြား အပါအဝင် (၃၅)ကျော်အထိ သေဆုံးကြောင်း ရဲတပ်ဖွဲ့က ပြောသည်။

နွောင်ဗွာလမ်ဖူး ပြည်နယ်၊ အူထိုင်းဆဝမ်မြို့ရှိ မူကြိုကျောင်းတွင် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ထိုအမျိုးသားက မိသားစုကိုလည်း သတ်ခဲ့ပြီး ကိုယ့်ကိုယ်ကိုယ်လည်း သတ်သေသွားခဲ့သည်။ 

မူကြိုကျောင်းတိုက်ခိုက်မှု ဖြစ်ရပ်အတွင်း သေဆုံးခဲ့သူများအနက် ကလေးငယ်များနှင့် လူကြီးများ ပါဝင်ခဲ့ကြောင်းနှင့် တိုက်ခိုက်သူက‌ လူအများအပြားကို သေနတ်ဖြင့် ပစ်ခတ်သည့်အပြင် ဓားဖြင့်ပါထိုးကာ မူကြိုကျောင်းမှ ထွက်ပြေးသွားခဲ့သည်။ 

သေဆုံးသူများအနက် အသက်အငယ်ဆုံး (၂) နှစ်အရွယ် အပါအဝင် ကလေးငယ် (၂၀) ကျော် ပါဝင်ခဲ့သည်။

မူကြိုကျောင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အကြောင်းရင်းကို မသိရသေးဟု ဆိုသည်။ 

တိုက်ခိုက်ခဲ့သူမှာ မကြာသေးမီက ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည့် ရဲအရာရှိတစ်ဦးဖြစ်ကြောင်း သတင်းများက ဖော်ပြသည်။ 

ရဲတပ်ဖွဲ့၏ အဆိုအရ ထိုအမျိုးသားကို အဖြူရောင် တံခါးလေးပေါက်ပါ ဘန်ကောက်လိုင်စင်နံပါတ်နှင့် တိုယိုတာ  ပစ်ကပ်ကား မောင်းနှင်သွားသည်ကို နောက်ဆုံးမြင်တွေ့ခဲ့ရကြောင်းနှင့် ၎င်း၏အမည်မှာ ပန်ရာကမ်ရတ် ဖြစ်ကြောင်း သိရသည်။

နွောင်ဗွာလမ်ဖူး ပြည်နယ်ရဲတပ်ဖွဲ့၏ အကြီးတန်းအရာရှိတစ်ဦးက ယခုဖြစ်ရပ်အတွင်း ကလေးငယ် (၂၂) ဦး သေဆုံးခဲ့ကြောင်း ပြောကြားသည်ဟု AFP သတင်းက ဖော်ပြသည်။ 

 

ထိုင်းနိုင်ငံတွင် လူအစုလိုက်အပြုံလိုက်ကို ပစ်ခတ်သည့် ဖြစ်ရပ်မှာ ရှားပါးသည်။ 

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်အတွင်း နဂရရာဇသီမာ မြို့တွင် စစ်သားတစ်ဦးက ပစ်ခတ်မှုကြောင့် လူ (၂၁) ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရခဲ့သည့်ဖြစ်ရပ် ဖြစ်ပွားခဲ့ဖူးသည်။

Source: BBC, Bangkok Post, AFP