အညာဒေလူထုများက YRF တပ်ရင်းကို လက်ဝတ်ရတနာများ ထောက်ပံ့လှူဒါန်း

အညာဒေလူထုများက YRF တပ်ရင်းကို လက်ဝတ်ရတနာများ ထောက်ပံ့လှူဒါန်း
စက်တင်ဘာ 17, 2022 | အခြားဒေသများ

 ဖက်ဒရယ်ဒီမိုကရေစီရရှိရေးနှင့် စစ်အာဏာရှင် ပြုတ်ကျရေးအတွက် အညာလူထုက Young Rangers Force(YR)တပ်ရင်း အတွက် လက်ဝတ်ရတနာများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်း ယနေ့ စက်တင်ဘာလ (၁၇)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

"ဒီမိုကရေစီ အစစ်အမှန် လိုချင်တဲ့စိတ်က အညာလူထုမှာ ဘယ်လောက်ရှိသလဲဆိုတာ သက်သေအလီလီပြခဲ့ပြီးဖြစ်ပါတယ်။ ယခုလည်း အညာပြည်သူ့တပ်ရင်းတစ်ခုဖြစ်တဲ့ ကျွန်ုပ်တို့ YRF တပ်ရင်းကို လက်ဝတ်ရတနာများ ထောက်ပံ့လှူဒါန်းသွားကြပါတယ်။"ဟု ထုတ်ပြန်ထားသည်။

ပြည်သူ့ချွေးနည်းစာ ရတနာဖြစ်သည့်အပြင် နားဟောင်းလောင်းနေရတော့မည်ဖြစ်သဖြင့် ဝမ်းနည်းမိကြောင်းနှင့် အညာလူထု၏ တော် လှန်ရေးစိတ်ဓာတ်ကြောင့် ဝမ်းသာသမှုဖြစ်ရ‌ကြောင်း ထုတ်ပြန် ထားသည်။

လက်ဝတ်ရတနာများထောက်ပံ့လှူဒါန်းပေးကြသဖြင့် တော်လှန်ရေးကို ဆထက်ထမ်းပိုးကြိုးစားပြီး အကျိုးရှိစွာအသုံးချသွားမည်ဟု ဆိုသည်။

#TachileikNewsAgency

Photo: Young Rangers Force-YRF