စဉ့်ကူးမြို့နယ်မှ ပျူစောထီးသင်တန်းပေးသည့်နေရာ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခံရ

By Tachileik News Agency

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်တပ်ဆင်ပေးနေသည့် ပျူစောထီးအဖွဲ့ကို စစ်သင်တန်းပေးနေ့သည့်နေရာအား ယနေ့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့၊ နေ့လည်ပိုင်းတွင် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း လျှပ်စီးပျောက်ကျားအဖွဲ့ - ဝက်လက်က သတင်းထုတ်ပြန်သည်။

ပျူစောထီးသင်တန်းပေးနေသည့် လဲဝါခြံကို လျှပ်စီး‌ ပျောက်ကျားအဖွဲ့နှင့် Dhu Wan SBDF တို့ပူးပေါင်းပြီး ဒရုန်းဖြင့် (၃)ကြိမ် ဗုံးသီးချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား တစ်ဦးသေပြီး ၃ ဦးဒဏ်ရာရကြောင်း သိရသည်။