မြို့သစ်မြို့နယ်အတွင်း သတင်းပေးဒလန်ကြောင့် ပစ်ခတ်မှုများ ဖြစ်ပြီး စကစ ဘက်က ဗိုလ်ကြီး အပါအဝင် (၃)ဦး သေကာ PDF ဘက်က (၆)ဦး ကျဆုံး

မြို့သစ်မြို့နယ်အတွင်း သတင်းပေးဒလန်ကြောင့် ပစ်ခတ်မှုများ ဖြစ်ပြီး စကစ ဘက်က ဗိုလ်ကြီး အပါအဝင် (၃)ဦး သေကာ PDF ဘက်က (၆)ဦး ကျဆုံး
သြဂုတ် 10, 2022 | အခြားဒေသများ

 မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ကနီကျေးရွာအတွင်း  သတင်းပေး ဒလန်ကြောင့် အာဏာသိမ်းစစ်အုပ်စု နှင့် ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်တို့ ထိပ်တိုက် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်အုပ်စုဘက်က (၃)ဦးသေဆုံးပြီး ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော် ဘက်က (၆)ဦးမှ တိုင်းပြည်အတွက် စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုင်းရင်း အသက်ပေးသွားရကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုသည် ၂၀၂၂ခုနှစ် ဩဂုတ်လ(၉)ရက်နေ့ နံနက်ပိုင်းက ဖြစ်ပွားခြင်း ဖြစ်ပြီး တိုက်ပွဲအတွင်း၌ အာဏာသိမ်းစစ်အုပ်စုဘက်က ဗိုလ်ကြီး အပါအဝင် (၃)ဦး သေဆုံးကာ (၁)ဦးမှာ ဒဏ်ရာရသွားကြောင်း သိရသည်။

အာဏာသိမ်းစစ်အုပ်စုဘက်က အင်အား(၃၀)ဝန်းကျင်နှင့်အတူ လက်နက်အင်အား၊ လူအင်အားမမျှတမှုကြောင့်  ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော် ဘက်က အကြီးတန်းတာဝန်ခံ အပါအဝင် တပ်ဖွဲ့ဝင်(၆)ဦး ကျဆုံးခဲ့ရသည့်အပြင် အပြစ်မဲ့ ပြည်သူ(၁)ဦးပါ ထိမှန်သေဆုံးခဲ့ရကြောင်း သိရသည်။

"ဒလန်များ၏ သတင်းပေးမှုအရ စစ်ခွေးများသည် အင်အား(၃၀)ခန့်ဖြင့် ကျွန်ုပ်တို့ တပ်ဖွဲ့ဝင်များ တည်းခိုရာ နေအိမ်ကို အတင်းပိတ်ဆို့ ပစ်ခတ်ရာ ကွန်ုပ်တို့ ရဲဘော်များ အနေဖြင့် ရှိသမျှ အင်အားဖြင့် ခုခံတိုက်ထုတ်သော်လည်း လက်နက်အင်အား မလုံလောက်မှုကြောင့် ဂုဏ်ရောင်ထွန်းပြောင်စွာ တိုင်းပြည်နှင့်ပြည်သူများအတွက် အသက်ပေး ကျဆုံးသွားခဲ့ပါသည်"ဟု ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

အာဏာသိမ်းစစ်အုပ်စုကို ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည့်အတွက် ပြည်သူလူထုအနေဖြင့်လည်း ပူးပေါင်း ပါဝင်ပေးကြပါရန် ဗိဿနိုးနယ်မြေပြည်သူ့ကာကွယ်ရေးတပ်မတော်က မေတ္တာရပ်ခံထားရှိသည်။