အီတလီနိုင်ငံ၏ အသက်အကြီးဆုံး ကျောင်းသားကြီး အသက် (၉၈) နှစ်အရွယ်တွင် ဘွဲ့ထပ်ရ 

အသက်အကြီးဆုံး ကျောင်းသားကြီးဖြစ်သူ အသက် (၉၈) နှစ်အရွယ် အီတလီအဘိုးအို Giuseppe Paterno
အသက်အကြီးဆုံး ကျောင်းသားကြီးဖြစ်သူ အသက် (၉၈) နှစ်အရွယ် အီတလီအဘိုးအို Giuseppe Paterno
အီတလီနိုင်ငံ၏ အသက်အကြီးဆုံး ကျောင်းသားကြီး အသက် (၉၈) နှစ်အရွယ်တွင် ဘွဲ့ထပ်ရ 
ဇူလိုင် 22, 2022 | နိုင်ငံတကာသတင်း
By Mr John

အီတလီနိုင်ငံ၏ အသက်အကြီးဆုံး ကျောင်းသားကြီးဖြစ်သူ အသက် (၉၈) နှစ်အရွယ် အီတလီအဘိုးအို Giuseppe Paterno သည် တက္ကသိုလ်မှ မဟာဘွဲ့ထပ်ရသည်ဟု သိရသည်။ 

Paterno က သမိုင်းနှင့် ဒဿနိကဗေဒ မဟာဘွဲ့များကို ပါလာမိုတက္ကသိုလ် University of Palermo ကနေ ထပ်မံ ရရှိခဲ့ခြင်းဖြစ်သည်။ 

၎င်းက ထိုတက္ကသိုလ်မှပင် သမိုင်းနှင့် ဒဿနိကဗေဒဘွဲ့များကို လွန်ခဲ့သည့် (၂) နှစ်တွင် ရရှိထားခဲ့သည်။

Paterno က ယခု မဟာဘွဲ့များကို ထိပ်တန်းအမှတ်များနှင့်အတူ အောင်မြင်ခဲ့ကြောင်း ၎င်း၏မိသားစုက Facebook တွင် ပြောထားသည်။ 

မဟာဘွဲ့ရ Paterno က အနားယူရန် အစီအစဥ်မရှိဘဲ ၎င်း၏ အားထားရာဖြစ်သော လက်နှိပ်စက်သုံးပြီး ဝထ္တုရှည်တစ်ပုဒ် ရေးသားလိုကြောင်း သိရသည်။ 

၁၉၂၃ ခုနှစ်တွင် မွေးဖွားခဲ့သူ Paterno မှာ Sicily နယ်မြေအတွင်း ဆင်းရဲသည့် မိသားစုတစ်ခုတွင် ကြီးပြင်းခဲ့ရသည်။

စာအုပ်များနှင့် လေ့လာသင်ယူမှုကို နှစ်သက်သော်လည်း လူငယ်ဘဝတွင် တက္ကသိုလ်မတက်နိုင်ခဲ့ပေ။ 

တက္ကသိုလ်တက်ရမည့်အစား ဒုတိယကမ္ဘာစစ်အတွင်း အသက် (၂၀) နှစ်အရွယ်မှစပြီး ရေတပ်တွင် စစ်မှုထမ်းခဲ့သည်။ 

ထို့နောက် မီးရထားလမ်း အလုပ်သမားတစ်ဦးအဖြစ် အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။

Source: Reuteres

Photo: