KNLA တပ်မဟာ (၅)နယ်မြေတွင် ဧပြီလအတွင်း တိုက်ပွဲပေါင်း (၃၈၃)ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၁၇၀)ကျော် သေဆုံးခဲ့

Photo: KNU
Photo: KNU
KNLA တပ်မဟာ (၅)နယ်မြေတွင် ဧပြီလအတွင်း တိုက်ပွဲပေါင်း (၃၈၃)ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၁၇၀)ကျော် သေဆုံးခဲ့

KNLA တပ်မဟာ (၅)နယ်မြေ၌ အာဏာသိမ်းစစ်ကောင်စီတပ်အပါအဝင် လက်အောက်ခံ BGF တပ်တို့ နှင့် KNLA တပ်တို့အကြား ဧပြီလအတွင်း တိုက်ပွဲပေါင်း (၃၈၃)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ တပ်ရင်းမှူး တစ်ဦး အပါအဝင် တပ်သား (၁၇၃)ဉီး သေဆုံးခဲ့ကြောင်း KNU တပ်မဟာ (၅)က  မေလ(၅)ရက်တွင် သတင်းထုတ်ပြန်လာသည်။

ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ‌ပေါင်း(၃၈၃)ကြိမ်တွင် အာဏာသိမ်းစစ်ကောင်စီဘက်မှ တပ်ရင်းမှူးတစ်ဉီး၊ ဒု-တပ်ရင်းမှူးတစ်ဉီး၊ တပ်ကြပ်ကြီး(၂)ဉီးနှင့် တပ်ကြပ်တစ်ဉီးလည်း သေဆုံးမှုတွင် ပါဝင်ခဲ့သလို  (၈၇) ဉီး ဒဏ်ရာရရှိခဲ့ကြောင်းလည်း သိရသည်။

တိုက်ပွဲများအတွင်း KNLA မှ ရဲဘော် (၃)ဦးကျဆုံးခဲ့ရကာ  (၁၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနှင့် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်(၄)စီးနှင့် လက်နက်သိုလှောင်ရုံ(ဂိုဒေါင်) (၂)လုံးအားဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

ထိုကာလအတွင်း စစ်ကောင်စီက လေကြောင်းမှ ဗုံး(၇)လုံးလာ ရောက်ကြဲချခဲ့ပြီး  ပြည်သူများနေထိုင်ရာကျေးရွာများနှင့် လယ်ယာ၊ ဥယျာဉ်ခြံမြေအတွင်းသို အမြောက်လက်နက်ကြီး စုစုပေါင်း အလုံး(၆၀၀)ကျော် ပစ်ခတ်ခဲ့ကြောင်း သိရသည်။