စစ်ကောင်စီက ၎င်း၏ လျှပ်စစ်ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အပြောင်းအလဲများ ကြေညာပြီးနောက် တစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်သွား

စစ်ကောင်စီက ၎င်း၏ လျှပ်စစ်ဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အပြောင်းအလဲများ ကြေညာပြီးနောက် တစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်သွား

 အာဏာသိမ်းစစ်ကောင်စီက ၎င်းတို့ခန့်အပ်ထားသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးကို ထုတ်ပယ်လိုက်ကြောင်း စစ်ကောင်စီ၏ ဝါဒဖြန့် MRTV က ကြေ ညာပြီးချိန်တွင် တစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်သွားခဲ့သည်။ 

၎င်းဝန်ကြီးဌာနကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာနဟူ၍ ဝန်ကြီးဌာန (၂)ခုအဖြစ် ပြင်ဆင်ဖွဲ့စည်းကြောင်းပြီး ဦးအောင်သန်းဦး၏ နေရာတွင်  ဦးသောင်းဟန်ကို အစားထိုး ခန့်အပ်ကာ စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတာဝန်ကိုလည်း ပေးလိုက်ကြောင်း သိရသည်။

ယင်းသို အစားထိုးခန့်အပ်လိုက်ပြီးနောက် မြန်မာတစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားပြတ်တောက်နေခဲ့သည်။

 "ကြော်ငြာပြီးတဲ့အချိန် နေပြည်တော်မှာလည်း ပျက်တာပဲ Breakdown ဖြစ်သွားတာ။ မြန်မာပြည်မှာတော့ လျှပ်စစ်ဝန်ကြီးပြုတ်ပြီး နှုတ်ဆက်ပွဲလုပ်ရင်း System Breakdown ပြီး တနိုင်ငံလုံး မီးပျက်မှောင်မဲဗျာ"ဟု နေပြည်တော်နှင့်ရန်ကုန်မှ Tachileik News Agency ၏ သတင်းရင်းမြစ်က ပြောသည်။



ဒါ့အပြင် ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးအပြင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်ဖြစ်သည့် ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင်ကို စစ်ဘက်မူလတာဝန်များ ပြန်လည်ထမ်းဆောင်စေလိုက် ကြောင်း သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းဦးကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် အဖြစ် ပြောင်းရွှေ့ထားလိုက်ပြီး ၎င်းနေရာတွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးထွန်းအုံကို ပြောင်းလဲ လိုက်သည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ရေးဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် စွမ်းအင်ဝန်ကြီးဌာနတို့တွင်လည်း ဒုတိယဝန်ကြီးများ ခန့်အပ်လိုက်သည်။

#TachileikNewsAgency