နေပြည်တော် လမ်းဟောင်းအဝင်  တောင်စဉ်အေးဂိတ်တွင် ယာဉ်များကို အချိန်ဆွဲ စစ်ဆေးမှုကြောင့် ယာဉ်မောင်းများအတွက် အဆင်မပြေ 

နေပြည်တော် လမ်းဟောင်းအဝင်  တောင်စဉ်အေးဂိတ်တွင် ယာဉ်များကို အချိန်ဆွဲ စစ်ဆေးမှုကြောင့် ယာဉ်မောင်းများအတွက် အဆင်မပြေ 

နေပြည်တော်လမ်းဟောင်းအဝင်ရှိ တောင်စဉ်အေးဂိတ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့်ရဲများက ယာဉ်တစ်စီး နှင့် တစ်စီး စစ်ဆေးမှုများတွင် အချိန်ကြာမြင့်သည့်အတွက် ယာဉ်မောင်းများအတွက် အဆင်မပြေဖြစ်နေရကြောင်း သိရသည်။

တောင်စဉ်အေးဂိတ်မှာ စစ်သားတွေ ရဲတွေက  မနက် (၄)နာရီကတည်းကနေ စစ်နေတာ။ စစ်ရင်လည်း ခဏလေးနဲ့မပြီးဘူး ကားတစ်စီးကို (၁၅)မိနစ်နဲ့ မိနစ်(၂၀)အကြား ကြာတယ်။ တချို့ကားတွေကိုဆိုရင် ကုန်ပစ္စည်းတခုချင်းစီကို ဖောက်စစ်နေတာ။ ဘာမှလည်း နားလည်တာမဟုတ်ဘူးဗျာ။ ခိုင်းတဲ့အတိုင်းပဲ လုပ်နေကြတာ။ ကျွန်တော်တို့လို ကားသမားတွေအတွက် အချိန်အရမ်းကုန်တယ်

ဟု ကုန်ပစ္စည်းတင်ယာဉ်မောင်း တစ်ဦးက Tachileik News Agency သို့ ပြောသည်။

ယနေ့ ၂၀၂၂ခုနှစ် မတ်လ(၂၅)ရက်နေ့ နံနက်(၄)နာရီတွင်လည်း ကုန်တင်ယာဉ်များကို တစ်စီးနှင့်တစ်စီး စစ်ဆေးမှုများတွင် အချိန်ကြာမြင့်သည်ဟု သိရသည်။