ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်ရဲများကို ဆက်ကြေးပေးပြီး လောင်းကစား ပြုလုပ်နေသည့် နေအိမ်ကို တော်လှန်ရေးအဖွဲ့က ဝင်ရောက်ဖမ်းဆီး

ပခုက္ကူမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့်ရဲများကို ဆက်ကြေးပေးပြီး လောင်းကစား ပြုလုပ်နေသည့် နေအိမ်ကို တော်လှန်ရေးအဖွဲ့က ဝင်ရောက်ဖမ်းဆီး

မကွေးတိုင်း၊ ပခုက္ကူမြို့တွင် စစ်ကောင်စီတပ်နှင့် ရဲများအား ဆက်ကြေး ပေးပြီး လောင်းကစားပြုလုပ်နေသည့် နေအိမ်အား ယနေ့မတ်လ (၂၄)ရက်၊ ညနေပိုင်းက ဝင်ရောက်ဖမ်းဆီးရာ ဆက်စပ်ပစ္စည်းများနှင့်အတူ ကား(၂)စီးအား သိမ်းဆည်းရရှိခဲ့ပြီး ပြုလုပ်သူများကို သတိပေး၍ ပြန်လွှတ်ပေးခဲ့ကြောင်း 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞-𝐔𝐆 က သတင်းထုတ်ပြန်လာသည်။

ဒါ့အပြင် ပခုက္ကူမြို့၊ စက်မှုဇုန်(၆)လမ်းရှိ စားသောက်ဆိုင်အား ရှောင်တခင်ဝင်ရောက် စစ်ဆေးရာ မရောင်းချရန် တားမြစ်ထားသည့် စစ်တပ်ထုတ်ကုန်များဖြစ်သော Myanmar Beer နှင့် Dagon Beer များ အပါအဝင် အခြားဆက်စပ်ပစ္စည်းများ ရောင်းချနေခြင်းအားတွေ့ရှိသဖြင့် အရေးယူခဲ့ကြောင်း ထုတ်ပြန်သည်။

ဆက်လက်ရောင်းချနေသည့် ဆိုင်ပိုင်ရှင်များအနေဖြင့်လည်း စစ်ဆေးတွေ့ရှိပါက ထိုက်သင့်သည့် အပြစ်ဒဏ်များကျခံရမည်ဖြစ် ကြောင်း ထုတ်ပြန်ထားသည်။

သိမ်းဆည်းရမိသည့် ပစ္စည်းများအား တော်လှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကာ ကျန်ရှိသည့် စစ်ကောင်စီ ‌ထောက်တိုင်များ၊ ငွေစီးဆင်းစေသောနေရာများနှင့် သတင်းပေးဒလန်များနှင့်အတူ ပျုစောထီးများအား ပြင်းပြင်းထန်ထန်တိုက်ခိုက်၍ ထုတ်ပြန်ချက်များအား မလိုက်နာပါကလည်း ပြတ်ပြတ်သားသား အရေးယူ ကိုင်တွယ်သွားမည်ဖြစ်ဟု ဆိုသည်။