လေယာဉ်ဆီတင်သွင်းနေသည်ဟုဆိုသည့် ငွေဗျိုင်းဖြုဆီဆိုင်ကို ဗုံးခွဲသော်လည်း ဗုံးမကွဲ

လေယာဉ်ဆီတင်သွင်းနေသည်ဟုဆိုသည့် ငွေဗျိုင်းဖြုဆီဆိုင်ကို ဗုံးခွဲသော်လည်း ဗုံးမကွဲ

ရန်ကုန်တိုင်း၊ သာကေတမြို့နယ်၊ (၅)ကွေ့မှတ်တိုင်အနီးရှိ အာဏာသိမ်းစစ်ကောင်စီအား လေယာဉ်ဆီတင်သွင်းနေသည့် ခရိုနီ သိန်းဝင်းဇော် ပိုင်ဆိုင်သည့် ငွေဗျိုင်းဖြူဆီဆိုင်အား ယနေ့မတ်လ(၁၇) ရက်နေ့ ညနေပိုင်းက ဖောက်ခွဲခဲ့‌သော်လည်း မိုင်း မကွဲခဲ့ကြောင်းသိရ သည်။

တော်လှန်ရေးတပ်ဖွဲ့များက ဆိုင်အတွင်းဝင်ရောက်ကာ ဆိုင်ဝန်ထမ်းများအား သတိပေးပြီး ဆိုင်အားဗုံးခွဲရန် ဗုံးတပ်ဆင်ကာ ဖောက်ခွဲခဲ့သော်လည်း နည်းပညာချို့ယွင်းခြင်းကြောင့် အကောင်အထည် မပေါ်ခဲ့ဟု ဆိုသည်။

၎င်းလုပ်ဆောင်မှုကို God's Hand Forces၊ The Owl နှင့် တရားမျှတမှုယူဆောင်သူတပ်ဖွဲ့တို့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်အာရှင်များ၏ ဒေါက်တိုင်များကို တိုက်ခိုက်ဖျက်ဆီးမည်ဖြစ်ကြောင်းနှင့် အရပ်သားများအား လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်ခြင်းသည် စစ်ရေးလက္ခဏာမဟုတ်ဘဲ လက်နက်ကိုင် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ငွေဗျိုင်းဖြူ ဆီဆိုင်ပိုင်ရှင် သိန်းဝင်းဇော်မှာ စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်အကြာတွင် လက်ဘနွန်သန်းကြွယ်သူဌေးပိုင် M1 Group နှင့် ပူးပေါင်း၍ တယ်လီနောမြန်မာဆက်သွယ်ရေးကုမ္ပဏီ (Telenor Myanmar) ကို ဝယ်ယူရန် စစ်ကောင်စီက ခွင့်ပြုလိုက်သူဖြစ်သည်။​ 

၎င်းခရိုနီတွင် စက်သုံးဆီအပြင် အမိုနီယံနိုက်ထရိတ်တင်သွင်းခြင်း၊ ကျောက်စိမ်းတူးဖော်ခြင်း၊ သစ်လုပ်ငန်း၊ ရေလုပ်ငန်း၊ ပလတ်စတစ်အိတ်ထုတ်လုပ်ရေးစက်ရုံ၊ ပဲမျိုးစုံနှင့် သကြားတင်ပို့ရောင်းချခြင်း စသည့်လုပ်ငန်းများ အခု(၂၀)ထက်မနည်း ရှိသည်။​ 

ယင်းလုပ်ငန်းအခု(၂၀)ထက်မနည်းကို ဇနီးဖြစ်သူ ဒေါ်တင်လတ်မင်း၊ သားဖြစ်သူ ဝင်းပိုင်ကျော်နှင့် သမီးဖြစ်သူ သိမ့်ဝင်းထက်တို့၏  အမည်မျာဖြင့် လုပ်ကိုင်နေခြင်းဖြစ်သည်။

၎င်းခရိုနီ၏ ကုမ္ပဏီမှာ ‌ရွှေဗျိုင်းဖြူကုမ္ပဏီဖြစ်ပြီး အာဏာပိုင်များကို လာဘ်ထိုးကာ သတ္တုတူးဖော်ရေးနှင့် ကျောက်မိုင်းများတွင် အဓိကသုံးစွဲသည့် ယမ်းနှင့် အမိုနီယံနိုက်ထရိတ်ကို တင်သွင်းခြင်း၊ စစ်ဗိုလ်ချုပ်ဟောင်းအချို့ကို လဘ်ပေးအပ်ခြင်းတွင် နာမည်ကျော်ကြားသည်။