ဘားအံမြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်းတစ်ထောင်ကျော် ပါသွား

ဘားအံမြို့ရှိ KBZ ဘဏ် ဓါးပြတိုက်ခံရပြီး ကျပ်သိန်းတစ်ထောင်ကျော် ပါသွား

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်ရှိ KBZ ဘဏ်ခွဲ (၁)တွင် ယနေ့ မတ်လ(၄)ရက်၊ ညနေ(၃)နာရီဝန်းကျင်က ဓားပြတိုက်ခံရပြီး ငွေသိန်းတစ်ထောင်ကျော် ပါသွားကြောင်း ဒေသခံများထံမှ သိရသည်။

လူ(၅)ဦးက သေနတ်(၂)လက်ဖြင့် ဘဏ်အတွင်း ဝင်ရောက်ကာ ပစ်ဖောက်ပြီး ငွေသား သိန်းတစ်ထောင်ကျော် ယူဆောင်သွားကြောင်း သိရသည်။

ဒါအပြင်ဘဏ်အတွင်းရှိ CCTV ကင်မရာများကိုလည်း ဖြတ်တောက်သွားပြီး ကားဖြင့် ထွက်ပြေးသွားကြောင်း နှင့် လက်ရှိတွင် ဘားအံမြို့၏ အဝင် အထွက်များကို အကြမ်းဖက်စစ် ကောင်စီတပ်များက ပိတ်ဆို့စစ်ဆေးနေကြောင်း သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံအဝှမ်းရှိ KBZ ဘဏ်များ မကြားခဏ ဓားပြတိုက်ခံနေရသည်။