မတ္တရာမြို့တွင် ငွေအတောင်းကြမ်းပြီး စစ်ကောင်စီတပ်သားများရှိသည့် မန်ကျည်းသုံးပင်စစ်ဆေးရေးဂိတ်ကို PDF က မိုင်းခွဲ

မတ္တရာမြို့တွင် ငွေအတောင်းကြမ်းပြီး စစ်ကောင်စီတပ်သားများရှိသည့် မန်ကျည်းသုံးပင်စစ်ဆေးရေးဂိတ်ကို PDF က မိုင်းခွဲ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းရှိ ငွေကြေးအတောင်းကြမ်းနေပြီး စစ်ကောင်စီတပ်သားများ စောင့်ကြပ်နေသည့် မန်ကျည်းသုံးပင် စစ်ဆေးရေးဂိတ်ကို အဝေးထိန်းမိုင်းဖြင့် PDF က ဖောက်ခွဲတိုက်ခိုက်လိုက်ကြောင်း သိရသည်။

မတ္တရာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအနီးရှိ  မန်ကျည်းသုံးပင် စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သား အင်အား (၁၀)ဦးကျော်ရှိပြီး နေ့စဉ် ဖြတ်သန်း ဖြတ်လာပြည်သူများကို အနိုင်ကျင့်မှုများ ငွေကြေးတောင်းခံမှုများ ပြုလုပ်နေသည့်အတွက် မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၂၈)ရက်နေ့ ည(၈)နာရီဝန်းကျင်အချိန်က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့ တိုက်ခိုက်လိုက်မှု စစ်ကောင်စီတပ်သား သေဆုံး ထိခိုက်မှုကတော့ အတည်မပြုနိုင်သေးကြောင်း သိရသည်။