ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ပထမနေ့တွင် ယူကရိန်းဘက်က (၁၃၇)ဦး သေဆုံးပြီး (၃၁၆)ဦး ဒဏ်ရာရ

ရုရှား၏ ကျူးကျော်တိုက်ခိုက်မှုအတွင်း ပထမနေ့တွင် ယူကရိန်းဘက်က (၁၃၇)ဦး သေဆုံးပြီး (၃၁၆)ဦး ဒဏ်ရာရ
ဖေဖော်ဝါရီ 25, 2022 | နိုင်ငံတကာသတင်း

ယူကရိန်းတွင် ရုရှား၏ ကျူးကျော်တိုက်ခိုက်မှု ပထမနေ့ ဖေဖော်ဝါရီလ(၂၄)ရက်နေ့ တစ်နေ့တည်းတွင်  သေဆုံးသူ (၁၃၇)ဦးရှိပြီး ဒဏ်ရာရရှိသူ (၃၁၆)ဦးရှိကြောင်း ယူကရိန်းသမ္မတက သတင်းထုတ်ပြန်ထားပြီး သေဆုံးသူများမှာ ယူရိန်းစစ်သားများနှင့် အရပ်သားများဖြစ်ကြောင်း သိရသည်။

အရပ်သားများကို ထိခိုက်မှုမရှိစေရဘူးဟု ရုရှားဘက်က အခိုင်အမာပြောနေပေမဲ့  ဗုံးကြဲတိုက်ခိုက်သည့်နေရာများတွင် အရပ်သားနေအိမ်များလည်း ထိခိုက်ပြီး သေဆုံးသူများတွင် အရပ်သားများ ပါဝင်နေသည်ဟု သိရသည်။ 

ယူကရိန်းနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေသော အရေးပေါ်ကာလအတွက် နိုင်ငံသားများ သေနတ်ကိုင်ဆောင်ခွင့်ရှိသည့် ဥပဒေကို  အတည်ပြုလိုက်ပြီး နိုင်ငံအတွက် အရန်တပ်သားများလည်း ဖိတ်ခေါ်ထားရှိသည်။

ရုရှား၏ တိုက်ခိုက်မှုကြောင့် ယူကရိန်းပြည်သူများမှာ စစ်ဘေးတိမ်းရှောင်နေလျက်ရှိသည်။



Source: people, independent

Photo: Alex Lourie , AFP Getty Images