KNU ထိန်းချုပ်နယ်မြေအတွင်း  ကျေးရွာများကို အာဏာသိမ်းစစ်အုပ်စုက  လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ (၁၆၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံ(၂)ဦး သေဆုံးခဲ့ရ

KNU ထိန်းချုပ်နယ်မြေအတွင်း  ကျေးရွာများကို အာဏာသိမ်းစစ်အုပ်စုက  လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံ (၁၆၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ဒေသခံ(၂)ဦး သေဆုံးခဲ့ရ
ဇန်နဝါရီ 14, 2023 | နိုင်ငံတကာသတင်း

 ပဲခူးတိုင်း ကေအဲန်ယူ-မုန်းမြို့နယ် စီမံအုပ်ချုပ်မှုနယ်မြေအတွင်းရှိ ကျေးရွာများကို အာဏသိမ်း စစ်ကောင်စီတပ်က ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ(၁၁)ရက်နေ့ မှ (၁၃)ရက်နေ့အထိ လက်နက် ကြီး(၃၈)လုံးခန့် ပစ်ခတ်ခဲ့သည့်အပြင် ဒရုန်းဖြင့်လည်း ဗုံးသီး (၄)လုံးထက်မနည်း ပစ်ချခဲ့သဖြင့် ဒေသခံများ ထွက်ပြေးတိမ်း ရှောင်နေရကြောင်း KNU ဗဟိုက ယနေ့ ဇန်နဝါရီလ(၁၄)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အာဏာသိမ်းစစ်အုပ်စု၏  ခမရ(၃၅၁)၊ ခလရ(၆၀)တပ်မှ မုန်းမြို့နယ်ရှိ နောင်ကုန်း၊ တမာခေါ၊ တောင်စု (ရှေ့,နောက်)၊ သပြေကုန်း၊ မျက်ရဲ(ဗမာ) ကျေးရွာအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။ 

အဆိုပါပစ်ခတ်မှုကြောင့် လူနေအိမ် (၄)လုံးထက်မနည်းပျက်စီးခဲ့ရသည့်အပြင် စပါးကျီ (၂)လုံးလည်းပျက်စီးခဲ့ရကာ ယင်းသို့ပစ် ခတ်မှုများကြောင့် ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ကြရခြင်း ဖြစ်သည်။

ဇန်နဝါရီလ (၁၁)ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်မှ မျက်ရဲ (ဗမာ) ကျေးရွာအတွင်းသို့ ဝင်ရောက်ပစ်ခတ်ရာ ဒေသခံတစ်ဦး ထိမှန်သေဆုံးခဲ့ရပြီး လက်နက်ကြီးထိမှန်မှုကြောင့်လည်း နောက်ထံ ဒေသခံ တစ်ဦး  သေဆုံးခဲ့ရသည်။

လက်နက်ကြီးပစ်ခတ်ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသည့် ကျေးရွာများမှာ နောင်ကုန်း၊ တမာခေါနှင့် တောင်စု(ရှေ့၊နောက်)ကျေးရွာမှ အိမ်ခြေပေါင်း (၂၈၇)အိမ်မှ လူဦးရေ (၁၆၁၆) ဦးခန့်ရှိကြောင်း သိရသည်။

#TachileikNewsAgency

Photo: KNU