မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းနှင့် ကြောက်မက်ဖွယ်ရာ အကြမ်းဖက်နေမှုများကို အလွန်အမင်း စိုးရိမ်ကြောင်း အမေရိကန်သမ္မတ ပြောကြား

U.S. Embassy Rangoon
U.S. Embassy Rangoon
မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းနှင့် ကြောက်မက်ဖွယ်ရာ အကြမ်းဖက်နေမှုများကို အလွန်အမင်း စိုးရိမ်ကြောင်း အမေရိကန်သမ္မတ ပြောကြား
အောက်တိုဘာ 27, 2021 | နိုင်ငံတကာသတင်း

မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှု၊ ကြောက်မက်ဖွယ်ရာအကြမ်းဖက်နေမှုများနှင့် ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်ကြောင်း အမေရိကန် သမ္မတ ဂျိုးဇက် အာ ဘိုင်ဒင် ဂျူနီယာ က အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ထုတ်ဖော်ပြောကြားခဲ့ကြောင်း ရန်ကုန် အမေရိကန်သံရုံးက အောက်တိုဘာလ(၂၇)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အကြမ်းဖက်နေမှုချက်ချင်းရပ်တန့်ရန်၊ မတရားဖမ်းဆီးခံထားရသူများကို ပြန်လွှတ်ပေးရန်နှင့်မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးဆောင်ရွက်ရန် နိုင်ငံ၏ စစ်အာဏာရှင်ကို တောင်းဆိုခဲ့ပါသည်။ သဘောတူညီချက်ငါးရပ် အကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ တာဝန်ယူ၊ တာဝန်ခံမှု ရှိစေရေး အာဆီယံ ကြိုးပမ်းအားထုတ်မှုအတွက် အမေရိကန်ပြည်ထောင်စုက ထောက်ခံအားပေးသည့်အကြောင်းကိုလည်း သမ္မကြီးကထုတ်ဖော်ပြောကြားခဲ့ကြောင်း သံရုံးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို ၂၀၂၁ခုနှစ်‌အောက်တိုဘာလ(၂၆)ရက်နေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်သမ္မတအပါအဝင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များ နှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသော်လည်း  မြန်မာနိုင်ငံ၏ အာဏာသိမ်းစစ်ခေါင်းဆောင်များသည် ဖိတ်ကြားခံရခြင်းမရှိ၍ တက်ရောက်နိုင်ခြင်းမရှိပေ။