သန်လျင်မြို့တွင် YMBA အတွင်းရေးမှူး   နေအိမ် ဗုံးကွဲ

ရန်ကုန်တိုင်း YMBA
ရန်ကုန်တိုင်း YMBA
သန်လျင်မြို့တွင် YMBA အတွင်းရေးမှူး   နေအိမ် ဗုံးကွဲ
ဖေဖော်ဝါရီ 21, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ သန်လျင်မြို့ရှိ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) အတွင်းရေးမှူး၊ ရန်ကုန်တိုင်း မဘသခေါင်းဆောင် သိန်းဟန် ၏နေအိမ်တွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့ ည(၈)နာရီကျော်တွင် ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

သံလျင်မြို့ အမှုထမ်းရပ်ကွက်၊ ခွာညိုလမ်းရှိ နေအိမ်တွင် ပေါက်ကွဲမှုဖြစ်ပွားခြင်းဖြစ်ပြီး အဆိုပါ နေအိမ်ပိုင်ရှင်သည် သန်လျင်ပျူစောထီးများအား လျှို့ဝှက်ကူညီထောက်ပံ့နေသူဟု သတင်းထွက်ပေါ်နေသူဖြစ်သည်ဟု သိရသည်။

၎င်းဖောက်ခွဲမှုကို Urban Guerrilla Force - U.G.F Thanlyin အဖွဲ့က ၎င်းတို့လုပ်ဆောင်ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပြီး ထိခိုက်မှုအခြေအနေကို အသေးစိတ်သိရှိခြင်း မရှိပါ။

YMBA -ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီး၏ ရန်ကုန်ရုံးချုပ်မှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်အား မဟာမင်္ဂလဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာမင်္ဂလ ဓမ္မဇောတိကဓဇဘွဲ့များဖြင့်  ရာသက်ပန်ဂုဏ်ထူးဆောင်နာယကအဖြစ် အာဏာသိမ်း စစ်ခေါင်းဆောင်အား ချီးမြှင့်ပြီးနောက် ၂၀၂၁ ခုမှစ်၊ ဩဂုတ်လ(၁၀)ရက်နေ့တွင် ဖေါက်ခွဲတိုက်ခိုက်ခံခဲ့ရသည်။