ကျိုက်ထိုမြို့နယ်အတွင်း စစ်ကောင်စီခန့် ဘိုရားကြီးကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရမွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ ဘိုရားကြီးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်ထွန်းဆိုသူကို ကော့ထင်းကျေးရွာ သင်္ချိုင်းကုန်းရှေ့တွင် ယနေ့ဖေဖော်ဝါရီလ(၈)ရက်၊ ညနေပိုင်းက ပစ်သတ်လိုက်ကြောင်း Kyaikhto Revolution Force က သတင်းထုတ်ပြန်လာသည်။
ဘိုရားကြီးကျေးရွာမှ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးခင်ထွန်းဆိုသူသည် ကျိုက်ထိုမြို့ထဲမှ ဘိုရားကြီးကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခံရခြင်း ဖြစ်ကြောင်း သိရသည်။
တခြား ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း စစ်ကောင်စီအလိုကျ မလုပ်ဆောင်တော့ဘဲ ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်ပြီး နုတ်ထွက်ကြရန် Kyaikhto Revolution Force က သတိပေးထားသည်။
Kyaikhto Revolution Force အနေဖြင့် စစ်အာဏာရှင်ကျဆုံးသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို အသက်ပေးကာကွယ်စောင့်ရှောက်သွားမည်ဟု ထုတ်ပြန်ထားသည်။
ဒါ့အပြင် စစ်ကောင်စီလက်ပါးစေများ၊ သတင်းပေးဒလန်များနှင့် စစ်ကောင်စီထောက်တိုင်များအား ဆက်လက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။