ရန်ကုန်တောင်ပိုင်းခရိုင် ရွေး/ကော် တာဝန်ခံ ရဲမှူးဟောင်း၏ နေအိမ် ဗုံးခွဲ ခံရ

ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံ ရဲမှူးဟောင်း ဦးကျော်မိုးကြည်
ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံ ရဲမှူးဟောင်း ဦးကျော်မိုးကြည်
ရန်ကုန်တောင်ပိုင်းခရိုင် ရွေး/ကော် တာဝန်ခံ ရဲမှူးဟောင်း၏ နေအိမ် ဗုံးခွဲ ခံရ
ဖေဖော်ဝါရီ 8, 2022 | အခြားဒေသများ

ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်ရှိ ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံ ရဲမှူးဟောင်း ဦးကျော်မိုးကြည်၏ နေအိမ် ယနေ့ ဖေဖော်ဝါရီလ(၈)ရက်၊ ည(၈)နာရီဝန်းကျင်က ဗုံးခွဲခံရကြောင်း ဒေသခံများက Tachileik News Agency ကို အတည်ပြုသည်။

စစ်မှုထမ်းဟောင်းဥက္ကဌလည်း ဖြစ်သလို ရန်ကုန်တောင်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ခံလည်းဖြစ်သည့် ရဲမှူးဟောင်း ဦးကျော်မိုးကြည် ၏  နေအိမ်ကို Urban Guerrilla Force - U.G.F Thanlyin က အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲခဲ့ခြင်းဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိသော်လည်း  Super Custom ယာဉ်၏ နောက်လေကာမှန် အက်ကွဲသွားကြောင်း နှင့်  အကြမ်းဖက် စစ်ကောင်စီတပ် နှင့် ရဲများ ရောက်ရှိပြီး စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု သိရသည်။