မကွေးတိုင်းအတွင်း၊ ဆောမြို့တွင် USDP ရုံး နှင့် မီးသတ်၊ သစ်တော၊ စည်ပင်ရုံး၊ စာရင်းစစ်ရုံး နှင့် စိုက်ပျိုးရေးရုံး အပါအဝင် ရုံး(၉)ရုံးကို ဒေသကာကွယ်ရေးအဖွဲ့များက မီးရှို့လိုက်ကြောင်း သိရသည်။
၂၀၂၂ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ အကူးပိုင်းအချိန်က စပြီး မီးရှို့ခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဘက်က ရမ်းသမ်း ပစ်ခတ်မှုများ လုပ်ဆောင်သည်ဟုလည်း သိရသည်။
ပြည်သူ့လစာရယူပြီး ပြည်သူဘက် မရပ်တည်သည့် Non-CDM များကို အရေးယူမည်ဟု ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြီးခဲ့သည့် ရက်များကလည်း ကြိုတင်အသိပေးထားရှိပြီးဖြစ်ကြောင်းလည်း သိရသည်။