ပုလဲမြို့ ဇီးဖြူကုန်းရွာတွင် အာဏာသိမ်းစစ်တပ်နှင့် ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်

Photo: Aung San Force-A.S.F
Photo: Aung San Force-A.S.F
ပုလဲမြို့ ဇီးဖြူကုန်းရွာတွင် အာဏာသိမ်းစစ်တပ်နှင့် ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဝင်ရောက် တိုက်ခိုက်
ဇန်နဝါရီ 30, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ ဇီးဖြူကုန်းရွာတွင် တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီ၏ တပ်နှင့် ၎င်းတို့၏ လက်အောက်ခံ ပျူစောထီးအဖွဲ့များကို ပြည်သူ့ကာကွယ်ရေးတပ်များက ယမန်နေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၉)ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း အောင်ဆန်းတပ်ဖွဲ့က ယနေ့ ဇန်နဝါရီလ(၃၀)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အောင်ဆန်းတပ်ဖွဲ့နှင့် ပုလဲ ပ.က.ဖ မဟာမိတ်တပ်ပေါင်းစု၏  တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ သေဆုံးမှုရှိသည်ဟုလည်း အောင်ဆန်းတပ်ဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုပြုလုပ်သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအားလုံး တိုက်ပွဲနေရာမှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု သိရသည်။