ရေဦးမြို့နယ်အတွင်း မူးဘောင်၌ ယနေ့တိုက်ခိုက်မှုအတွင်း PDF တပ်ဖွဲ့ဝင် (၇)ဦး ကျဆုံး

ရေဦးမြို့နယ်အတွင်း မူးဘောင်၌ ယနေ့တိုက်ခိုက်မှုအတွင်း PDF တပ်ဖွဲ့ဝင် (၇)ဦး ကျဆုံး
ဇန်နဝါရီ 21, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာရွာမှ ရွာမိဿာအနီး မူးဘောင်ပေါ်တွင် ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၂၁) ရက်နေ့က အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ပျူစောထီးပူးပေါင်းအဖွဲ့နှင့် တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ (၇)ဦး ကျဆုံးသွားကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းတွင် ရွာမိဿအနီး မူးဘောင်တွင် တိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင် (၇)ဦးမှာ ဦးခေါင်းကို ပစ်ခတ်ဒဏ်ရာများဖြင့် ကျဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ သေဆုံးထိခိုက်လည်းရှိသည်ဟု သိရသည်။

ရေဦးမြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေသည့်အချိန်တွင်း အများပြည်သူအနေဖြင့် တိုက်ပွဲဖြစ်နေရာ၊ ဖြစ်ပွားသည့်အကြောင်းအရာများအား အချိန်နှင့်တပြေးညီ မျှဝေခြင်းများမလုပ်ကြရန်ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အများပြည်သူအား မေတ္တာရပ်ခံထားသည်။