အင်းတော်မြို့နယ် ပင်ဝယ်ရွာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်

အင်းတော်မြို့နယ် ပင်ဝယ်ရွာအနီးတွင် အာဏာသိမ်းစစ်တပ်နှင့် KIA၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်
ဇန်နဝါရီ 21, 2022 | အခြားဒေသများ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ဘားရွာမှ ပင်ဝယ်ရွာဘက်သို့ မီးရထားလမ်းအတိုင်းတက်လာသည့် အာဏာသိမ်း စစ်ကောင်စီ၏ တပ်အင်အား(၃၀)ဝန်းကျင်နှင့် KIA ၊ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တို့အကြား ယနေ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ(၂၁)ရက်နေ့ နေ့လယ်ပိုင်းတွင် တိုက်ပွဲဖြစ်ပွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဘက်မှ လက်နက်ကြီးဖြင့်ပါ အသုံးပြုတိုက်ခိုက်၍ တိုက်ပွဲဖြစ်ပွားစဉ် ရောက်လာသည့် ကားသမားတစ်ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရကြောင်း သိရသည်။

တိုက်ခိုက်မှုအတွင်း KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ဘက်မှ အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။