တောင်ငူလေတပ်စခန်းကနေ မနက်တပိုင်းအတွင်း မြို့၏ တောင်ဘက်သို့  စစ်လေယာဉ် (၁၁)စီး ထွက်ခွာသွား

 တောင်ငူလေတပ်စခန်းကနေ မနက်တပိုင်းအတွင်း မြို့၏ တောင်ဘက်သို့  စစ်လေယာဉ် (၁၁)စီး ထွက်ခွာသွား
ဇန်နဝါရီ 17, 2022 | အခြားဒေသများ

ပဲခူးတိုင်းအတွင်း အာဏာသိမ်းစစ်တပ်စီ၏ တောင်ငူလေတပ်စခန်းမှ ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်(၈)နာရီဝန်းကျင်ကစ၍ နံနက်(၁၁)နာရီဝန်းကျင်အချိန်အထိ တိုက်လေယာဉ်နှင့်  Fighter Jet စုစုပေါင်း (၁၁)စီးသည် တောင်ငူမြို့၏ တောင်ဘက်သို့ ဦးတည်ပျံသန်း ထွက်ခွာသွားကြောင်း သိရသည်။



တောင်ငူလေတပ်စခန်းမှ ယနေ့ နံနက်(၈)နာရီ (၁၉)မိနစ်အချိန်က Fighter Jet (၂)စီး၊ နံနက်(၉)နာရီ (၃၃)မိနစ်အချိန်က  Fighter Jet အပြာရောင် (၁)စီး၊ နံနက်(၁၀)နာရီ (၂၂)မိနစ်အချိန်က Fighter Jet (၁)စီး၊  နံနက်(၁၀)နာရီ (၂၆)မိနစ်အချိန်က Fighter Jet အပြာရောင် (၁)စီး၊ နံနက်(၁၀)နာရီ(၄၇)မိနစ်အချိန်က တိုက်လေယာဉ်(၂)စီး၊ နံနက်(၁၀)နာရီ(၅၀)မိနစ်အချိန်က တိုက်လေယာဉ်(၂)စီး၊ နံနက်(၁၀)နာရီ(၅၃)မိနစ်အချိန်က တိုက်လေယာဉ်(၂)စီး စုစုပေါင်း (၁၁)စီး ပျံသန်းသွားကြောင်း လေကြောင်းစောင့်ကြည့်ရေးအဖွဲ့ဖြစ်သည့် Enemy Air Route ၏ ဖော်ပြချက်အရ သိရသည်။

အာဏာသိမ်း စစ်ကောင်စီတပ်သည် ကုန်းကြောင်းစစ်ဆင်ရေးတွင် ဒေသကာကွယ်ရေးအဖွဲ့များ၏ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်မှုကြောင့် အထိနာသွားသည့်အတွက် လေကြောင်းဖြင့် နေ့စဉ် တိုက်ခိုက်လာနေခြင်း ဖြစ်သည်။

ကုန်ကြောင်း၊ ရေကြောင်းတို့တွင် အထိနာနေသည့် အာဏာသိမ်းစစ်ကောင်စီတပ်သည်  လေကြောင်းကိုသာ အဓိက အားထားလာပြီး လေကြောင်းဖြင့် မြေပြင်အခြေအနေကို ကင်းထောက်လှမ်းခြင်း၊ ထောက်ပံ့ရေးအတွက် သယ်ယူပို့ဆောင်ခြင်း၊ ဗုံးကြဲပစ်ခတ်ခြင်းအတွက်ပါ အသုံးပြုသည့်အပြင် ဝါဒဖြန့် လက်ကမ်းစာရွက်များကိုပါ ကြဲချသည့်နေရာများတွင်ပါ အသုံးပြုလာနေသည်။ 

ယနေ့ ၂၀၂၂ခုနှစ် ဇန်နဝါရီလ(၁၇)ရက်နေ့ နံနက်တပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီ၏ လေတပ်စခန်းများကနေ စစ်လေယာဉ်များ ထွက်ခွာနေကြသည်ကိုလည်း သိရသည်။